## Unicode ##
Baby Bo [ Final part]
______________________အိပ်မှုံစုံမွှား တံခါးဖွင့်ပေးပြီး ရှောင်းကျန့်မှာ မျက်လုံးအဝိုင်းသား ရေရွတ်လိုက်တယ်..။
" ရီဖု..စောစောစီးစီး ဘာလာလုပ်တာလဲ? "
" ဘယ်က စောရမှာလဲ? ညနေခြောက်နာရီကျော်နေပြီလေ ရုံးဆင်းပြီးမှ လူလေးတို့ဆီ ဝင်လာတာ.."
" အမ်! "
ရှောင်းကျန့်မှာ ကြောင်တောင်တောင်နဲ့ လိမ္မော်နီရောင် သမ်းနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်..။ အုပ်လိုက်ပျံသန်းနေတဲ့ ငှက်တို့က အစာရှာထွက်တာမဟုတ်ပဲ အိပ်တန်းတတ် နေကြတာတဲ့လား?
အာရုံတက်ချိန်နှင့် ဆည်းဆာချိန်ကို မှားပြီးတွက်ချက်မိပုံပင်..။ ဒါဆို တစ်နေ့ခင်းလုံး သူအိပ်နေခဲ့တာပေါ့..။
မာတု က ဝယ်လာတဲ့ ပစ္စည်းများကို ထည့်ရန်ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်တယ်..။ သို့ပေမဲ့ ဒိတ်လွန်နေသော အစားအစာများနှင့် ပုပ်အဲ့နေသော အသီးအနှံ့များကြောင့် နှာခေါင်းရှုံ့လိုက်မိကာ..
" ဘာလို့ ဒီလောက် ညစ်ပတ်ရတာလဲ? အမှိုက်တွေ တစ်ခန်းလုံး ဖွထားတာကို အားမရလို့ ရေခဲသေတ္တာကိုပါ ချဥ်ဖတ်အိုး လုပ်ပစ်တာကတော့ တရားလွန်နေပြီနော် လူလေး "
ဧည့်ခန်းထဲက ဘီယာဗူးခွံတွေနဲ့ စားလက်စအသားကင်တွေကို ကပျာကယာ ရှင်းလိုက်ပြီး ရှောင်းကျန့်မှာ မာတုအား မျက်နှာချိုသွေးတယ်..။
" ရီဖု ဒီမှာလာထိုင် Bo ပြန်လာမှ ဝိုင်းရှင်းပေးလိုက်တော့တယ်.."
အသီးပုပ်တွေကို အိတ်ထဲထည့်နေတဲ့ မာတုလက်တွေက လေထဲမှာရပ်တန့်သွားခဲ့ပြီး..
" ရိပေါ် က ဘယ်သွားလို့လဲ? "
" ကျောင်းသွားတယ်လေ "
မာတု မျက်နှာထက် ရှုပ်ထွေးမှုတို့ ဖြတ်ပြေးသွားကာ ရှောင်းကျန့်အား လျော့ရဲစွာ ပြုံးပြလိုက်ပြီး..
" ဪ ရီဖုက အခန်းထဲမှာ ရှိမယ်ထင်တာ ဒီလောက် နောက်ကျတာတောင် ပြန်မလာသေးဘူးလား? "
" အင်း စာတမ်းပြုစုနေရလို့တဲ့.."
မာတု မှာ ဘာ့မှဆက်မပြောတော့ပဲ ကိုယ်တတ်နိုင်သလောက် အခန်းကို သန့်ရှင်းပေးလိုက်ကာ ပူပူနွေးနွေး အစားအသောက်များကိုလည်း ခပ်သွက်သွက်ပဲ ချက်ပြုတ်ပေးလိုက်သည်..။ သူ့မှမချက်ရင် လူလေးက ဘာ့မှ တကူးတက လုပ်စားမှာမဟုတ်..။
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...