## Unicode ##
Baby Bo
_________ပြတင်းတံခါးမှ ဖြာကျနေတဲ့ နေရောင်ခြည်နုနုသည် ရှောင်းကျန့်မျက်နှာပေါ် ဖေးတင်လို့နေတယ်..။ ထိုသူ၏ အနည်းငယ် ချောင်ကျနေသော မျက်နှာက ပါးရိုးတစ်လျှောက် စိမ်းဖန့်နေသော ပါးသိုင်းမွှေးရာ ရေးရေးတို့ကြောင့် ရှိရင်းစွဲအသက်ထက် အနည်းငယ် အိုစာသွားသလို..။
ခလွမ်း! ဂွမ်း!
မီးဖိုချောင်ဘက်က ဆူညံသံသဲ့သဲ့ကြောင့် ရှောင်းကျန့်မှာ မျက်မှောင်ကျုံ့မိရင်း..
" ကျစ်! Bo ရာ ကိုယ်အိပ်ပါရစေကွာ! "
နားနှစ်ဖက်ကို ခေါင်းအုံးနဲ့ ဖိပြီး ရှောင်းကျန့်က ညည်းညူတယ်..။ ခန္ဓာကိုယ်ကို ကုပ်ကွေးရင်း စောင်ကိုရင်ညွှန့်ထိ ဆွဲခြုံပြီး ပြန်အိပ်ဖို့ ပြင်လိုက်ခါမှ လူခေါ်Bell သံက ထပ်ထွက်လာသည်..။
"တီ..တောင် "
" ချီးပဲ.."
"တီး တောင်.."
" Bo..တံခါးဖွင့်ပေးလိုက် "
အတော်ကြာမှ အသံသေးသေးလေးက တိုးညှင်းစွာနဲ့..
" Bo..မအားဘူး ကိုကို "
ကိစ္စက ဤတွင်ပြီး၏..။ Bo က ခုနောက်ပိုင်း ဂျစ်တစ်တစ်နဲ့ တအားကို ဆိုးချင်လာသည်..။
"ရှောင်းကျန့် အထဲမှာရှိတယ်မလား? "
တံခါးထုရိုက်သံ တဒုန်းဒုန်း နဲ့ အော်သံဆူဆူတို့ကြောင့် ရှောင်းကျန့်မှာ ဆက်အိပ်ဖို့ရာ မဖြစ်နိုင်တော့..။ အိပ်မှုံစုံမွှားနဲ့ အခန်းထဲက ထွက်လာခဲ့ပြီး ..
"လာပြီ..."
"ချောက်! "
အခန်းတံခါး ဖွင့်ပေးလိုက်သည်နှင့် Dr ကု က အခန်းထဲ မပြေးရုံတမယ် ဝင်လာသလို သူ့နောက်မှာ မတ်တပ်ရပ်နေတဲ့ ဥပဓိရုပ်ကောင်းကောင်းနဲ့ လူကြီးကိုပါ အထဲဝင်ဖို့ဆော်ဩလိုက်တယ်..။ ထိုလူက ခေါင်းညိမ့်ရုံမျှ အသိအမှတ်ပြုပြီး စူးစမ်းသောမျက်လုံးများနှင့်ကြည့်ကာ အခန်းထဲကို လိုက်ဝင်လာတယ်..။
"ဘာကိစ္စလဲ Uncle ကု"
" မာတုပြောတယ် မင်းညဘက်တွေ အိပ်မပျော်ဘူးဆိုလို့ အဲ့ဒါကြောင့် Uncleလာခဲ့လိုက်တာ "
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...