Part (32)

1.9K 172 24
                                    

## Unicode ##

Baby Bo
__________

" ပါး ....Bo မလုပ်ချင်ဘူးလို့ ပြောပြီးပြီလေ "

" မရဘူး လုပ်ရမယ် "

" ပါးပါး"

" ဝမ်ရိပေါ်.."

" ပါးပါးကလဲဗျာ.."

"တိတ်စမ်း"

ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကို မာတုမခံစားဖူးသော်လည်း သူဆူငေါက်လိုက်တိုင်း မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ နှုတ်လှန်ထိုးလာတဲ့ ကလေးငယ်ကိုကြည့်ပြီး ရင်ထဲ တသိမ့်သိမ်နဲ့ ကြည်နူးနေရတဲ့ ဒီခံစားချက် က ထူးခြားလှသည်..။

ဆေးမကူပဲ ရဲတောက်နေသော မျက်ခမ်းစပ်နဲ့ နှုတ်ခမ်းလွှာတို့က ဒေါသကြောင့် ပိုပြီးအရောင်ရင့်နေကာ ကြည့်လေ ချစ်ဖို့ကောင်းလေပင်..။ နှစ် ၂၀ ကြာမှ ဒီလောက်ထိ ချစ်စရာကောင်းတဲ့ သွေးသားလေးရှိနေတာကို သိရလို့ နောင်တ ရချင်သည်..။

" အာ..မနက်စာတောင် စားနေကြပြီလား? "

" လူလေးက နောက်ကျနေတာကို "

" အင်း ဟုတ်မယ် မနေ့ကအိပ်ယာဝင်ဝင်တာ နောက်ကျသွားလို့ Hi Goodmoring Bo "

ရှောင်းကျန့်က အပြေးအလွှားပင် ရိပေါ့်ဘေးဝင်ထိုင်ကာ စကားဝိုင်းကို အတင်းဝင်လုံးပြီး ချစ်ရသူအား Morning လုပ်နေတယ်..။ သို့ပေမဲ့ အသဲအသက်ကတော့ အကြည့်တစ်ချက်တောင် စွန့်ကြဲမလာပဲ ရင်ဝကို စကားကြမ်းတို့နဲ့ ပစ်ခွင်းတော့သည်..။

" ရုပ် နာမ် နှစ်ပါးလုံး ကျက်သရေတုံးချက် "

တိုးသဲ့သော ထိုစကားသံကို မာတုကမကြားချင်ယောင် ဆောင်နေခဲ့ပြီး ရှောင်းကျန့်အား မျက်လွှာပင့် ကြည့်တယ်..။ စိတ်ဆတ်တဲ့ မွေးစားသားက ခုတော့ စိတ်ဆိုးဖို့ နေနေသာသာ အစွမ်းကုန် ပြုံးဖြီးနေခဲ့ပြီး..

" Bo အဝတ်လဲဦးမလား? ဒီအတိုင်းပဲ Company ကိုလိုက်ခဲ့မှာလား? "

ဂွပ်!

လက်ဖက်ရည်ခွက်ကို ဆောင့်ချလိုက်ရင်း ရိပေါ်က စူပုတ်စွာနဲ့ပဲ မာတုရှေ့လက်ဝါးဖြန့်လိုက်ကာ..

" ယွမ် တစ်သောင်းပေး "

"ဘာရယ်! "

"  Bo Company ကို တစ်ရက်သွားတိုင်း မုန့်ဖိုးအနေနဲ့ ပါး က ယွမ်တစ်သောင်းပေးရမယ် "

"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔Tahanan ng mga kuwento. Tumuklas ngayon