## Unicode ##
Baby Bo
_________" ကျစ်! "
နက်တိုင်ကို ဖြေလျော့ပြီး ရှောင်းကျန့်မှာ ဖုန်းကို ပြန်ခေါ်လိုက်တယ်..။ ဒါနဲ့ဆို Bo ဖုန်းကို သူခေါ်တာ ငါးခေါက်မြောက်ရှိပြီ..။
" Bo..ထမင်းစားချိန် ကျော်နေပြီနော် ခုထိပြန်မလာသေးဘူးလား? "
" ဟဲလို ဒီဖုန်းပိုင်ရှင်ရဲ့အသိလား? "
ဆူဆူညံညံ အသံများက ရှောင်းကျန့် နားထဲတိုးဝင်လာခဲ့ပြီး လူကလည်း ထိုင်ရာက ထရပ်မိတယ်..။ မသိစိတ်ကို တစ်ခုခုက စေ့ဆော်နေသလိုမျိုး မွေးညှင်းနုနုတို့က ခန္ဓာကိုယ်အနှံ့ ထိုးထိုးထောင်ထောင် ဖြစ်လာသည်..။
" ဟုတ်ပါတယ် Bo..ဖုန်းကဘာလို့များ"
" ဒီဖုန်းပိုင်ရှင် ကားတိုက်ခံရလို့.."
"ခင်ဗျာ! "
ထိုမိန်းမက လိပ်စာကို ပြောပြတာကို နားထောင်ပြီး ရှောင်းကျန့်က ဟက်ခနဲရယ်သည်..။ သူ့ကိုကလဲ့စား ချေဖို့အတွက် ခုလိုအကွက်ဆန်းကြီးတွေတောင် Bo က သုံးတတ်နေပြီပေါ့..။
စပီကာဖွင့်ထားတာမို့ Ambulance ကားအသံနှင့် လူအများရဲ့ အော်ဟစ်သံကို ကြားနေရသည်..။ နောက်တစ်ယောက်က ဆိုင်ထဲမှာ ရှိသေးတယ်ဆိုပဲ ဘယ်တစ်ယောက်လဲ?
ထိုမိန်းမမှာ သူ့အားစိတ်မရှည်ဟန်နှင့် ဆော်ဩနေခဲ့ကာ..
" ဒီမှာ ရှင်နဲ့ဘာတော်လဲ မသိပေမယ့် အသက်အန္တရာယ်စိုးရိမ် ရတယ် အမြန်လာခဲ့ပါ "
"ဟင်! "
ဒါဟာ သရုပ်ဆောင်ဇာတ်ကွက်နဲ့ တူမနေတော့ပေ..။ ထိုင်နေရာကမှ ဖြေးညှင်းစွာ ထရပ်လိုက်ပေမယ့် သူ့ခြေထောက် နှစ်ချောင်းဟာ ရပ်မမြဲအောင် တုန်ယင်လျက်ရှိပြီး တစ်ကိုယ်လုံး ဇောချွေးတို့နဲ့ နစ်နေခဲ့သည်..။
" ငါသွားမှ ရမယ် ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပေးပါ"
ခြေထောက်နှစ်ဖက်ကို ရိုက်ပုတ်ပြီး တောင်းပန်နေတဲ့ ရှောင်းကျန့်အမူအရာက စိတ်လွတ်သွားသူ တစ်ယောက်နှယ်..။
အရေးပေါ်ခလုတ်ကို နှိပ်လိုက်မှ ရုံးခန်းတံခါးက ပွင့်သွားကာ ကြွေခင်းပေါ် လူးလိမ်နေသော ရှောင်းကျန့်အား Security နှစ်ယောက်က ဆွဲထူလိုက်ကြသည်..။
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...