##UNICODE##
Baby Bo
__________" ပုန်းနေလို့ပြီးသွားမယ့် ကိစ္စမဟုတ်ဘူးနော် Bo Bo ခုချက်ချင်း ထွက်လာခဲ့ "
ဝမ်မားအသံက ဒေါသတို့နှင့် ခက်ထန်နေသလို အကြည့်တွေကလည်း ရှောင်းကျန့်ကိုသာ သိသိသာသာ စိုက်စမ်းလို့နေသည်..။ Drကုယန်းကတော့ မမျှော်လင့်ထားသော အခြေအနေကြောင့် ခဏတာကြောင်အမ်းသွားပြီးမှ..
"လျှိုရင် နင်စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့.. ဒါကလူငယ်တွေကိစ္စ..."
"အဲ့တော့ နင်နဲ့ ဘာဆိုင်လဲ? သားကတစ်မျိုး အဖေကတစ်မျိုးနဲ့ ငါ့တို့သားအမိကို ဒုက္ခပေးနေတာလား..? "
Drကုက မျက်မှောင်ကျုံ့လိုက်ပြီး..
"သားး..ဟုတ်လား ဖန်းဖန်း က ဒီကိုလာသွားလို့လား..? "
ဝမ်မားကပြန်မဖြေ..။ အိမ်ထဲကိုသာစိုက်ကြည့်ပြီး ရိပေါ်အား အသဲအသန်ခေါ်ထုတ်နေသည်..။
"Bo Bo ခေါ်နေတာမကြာဘူးလား..? "
"ဟုတ်__ Bo လာပါပြီ.."
မျက်ရည်များသုတ်လျက် ရိပေါ်က တွန့်ဆုတ် တွန့်ဆုတ်နဲ့ အိမ်ထဲကထွက်လာတယ်..။ ခေါင်းကိုတွင်တွင်ငုံ့ထားပြီး မိခင်ဘေးမှာ ခပ်ကျုံ့ကျုံ့ဝင်ရပ်တယ်..။
"ရှင်းစမ်း..ဒီကောင်လေးနဲ့ ပတ်သက်မှုကို "
" ဟို..ဟို.."
"လိမ်ပြောရင်နာမှာနော် "
ရိပေါ်က အင့်ခနဲတစ်ချက်ရှိုက်လိုက်ပြီး တိုးသဲ့စွာပြောလာသည်..။
" ရည်းစားဟောင်းပါ ခုချိန်မှာ Bo နဲ့ ဘာ့မှမပတ်သတ်တော့ပါဘူး.."
ရှောင်းကျန့်မှာ ရိပေါ့်စကားအဆုံး
"ကလေး..ကိုကိုကလေ "
" တိတ်စမ်း ခုမှလူကြီးတွေ ကလေးတွေလုပ်မနေနဲ့.."
အသံအောင်လွန်တဲ့ ဝမ်မားကြောင့် ရှောင်းကျန့်မှာ ဇတ်ပုရင်း Drကုနားကပ်သွားတယ်..။ ချော့မလို့ပါဆိုနေ နားကိုအူထွက်သွားတာပဲ..။ ရိပေါ်မှာလည်း ရှက်စိတ်နဲ့ကြောက်စိတ်ပေါင်းပြီး တစ်ကိုယ်လုံး ထူပူလာကာ..
" Bo မလိမ်ဘူး..မားး "
လျှိုရင် က ဒီတစ်ခါတော့ ရှောင်းကျန့်ဘက်ကို လှည့်သွားပြီး..
ESTÁS LEYENDO
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfic// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...