##UNICODE ##
Baby Bo
_________" နေစောင်းနေပြီ ဒါကဘယ်လဲ..? "
ရိပေါ် က ဖိနပ်ကြိုးကို စိမ်ပြေနပြေ ထိုင်ချည်ပြီးမှ အမေဖြစ်သူကို မော့ကြည့်လိုက်ကာ..
" လေညင်းခံရင်းနဲ့ ငါးသွားမျှားမလို့လေ မားးရဲ့ "
"အရမ်းမိုးမချုပ်စေနဲ့ ညစာစားဖို့အချိန်မှီ ပြန်လာခဲ့ ဒါနဲ့ ရှီဖန်းကိုရော မခေါ်သွားဘူးလား..? Bo Bo "
" ဟင့်အင်း! "
ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ပဲ ရိပေါ်က မားးပါးကို ခပ်ဖွဖွနမ်းကာ မျက်လုံးမှိတ်အောင် ပြုံးပြလိုက်ပြီး..
" Bo သွားပြီ "
ဆံနွယ်ဝါလေးများကို ဝဲခါအောင် ခုန်ပေါက်ရင်းလမ်းလျှောက်သွားသော သားငယ်ကိုကြည့်ကာ လျှိုရင် မှာ မသိမသာ သက်ပြင်းချလိုက်သည်..။ မိမိသည် ပညာတတ်မဟုတ်သော်လည်း ကျောင်းပိတ်ချိန်မဟုတ်ပဲ အိမ်ပြန်လာသော Bo Bo လေးကြောင့် စိတ်ထဲထင့်မိတာအမှန်..။ ဒီကလေး ရှန်ဟိုင်းမှာ ဘာများအဆင်မပြေ ဖြစ်လာခဲ့သလဲ..?
" ဟင်း! "
" ဘာတွေများ သက်ပြင်းချနေတာလဲ အန်တီရဲ့ "
လူမရောက်ခင် အသံက အရင်ရောက်လာတယ်..။ ဝမ်မား မှာ ရှီဖန်းအား ခပ်ဖွဖွပြုံးပြလိုက်ပြီး..
" ဒီလိုပါပဲ ကလေးရေ "
"ကလေးလို့ အခေါ်ခံရတာ ေပျာ်ဖို့ကောင်းလိုက်တာဗျာ အဟဲ ဟဲ တစ်ခါမှ အခေါ်မခံရဖူးလို့ ထင်တယ် "
ရှီဖန်း က အရွှန်းဖောက်ပြီး အိမ်ရှေ့ကွပ်ပြစ်ပေါ်တွင် ဟင်းရွက်ခြွေနေသော လျှိုရင်ဘေးတွင် ဝင်ထိုင်လိုက်သည်..။ ပြီးနောက် မုန်ညှင်းထုပ်များကို လိုက်ကိုင်ရင်း လောကွတ် ထပ်လုပ်တယ်..။
"မုန်ညှင်းချဥ် လုပ်မလို့လား ကျွန်တော်လဲ ဝိုင်းလုပ်ပေးမယ်လေ "
"မလိုပါဘူးကွယ် "
"ဒါနဲ့ ရိပေါ်ကိုမတွေ့ပါလား? "
တောင်ကြည့် မြောက်ကြည့်ဖြစ်နေသော ရှီဖန်းပုံစံက ဆပ်ပြာသည် လင်ပျောက်နေတာနဲ့ တူသည်..။ ဝမ်မားမားမှာ မိမိသူငယ်ချင်း အန်းနနဲ့ ရုပ်ဆင်လှသော ထိုလူငယ်လေးကို ဂရုဏာမျက်ဝန်းများနှင့် ကြည့်လိုက်ပြီး..
ESTÁS LEYENDO
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfic// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...