# Unicode #
Baby Bo
__________ကျောင်းဖွင့်တာ တစ်လခန့်သာ ရှိသေးသော်လည်း Business Major က ဝမ်ရိပေါ်ကိုတော့ Major တစ်ခုလုံးက သတိပြုမိသလောက်ရှိနေပြီ..။ Hoddie ပွပွကြီးနဲ့ ခြေမျက်စိဖုံး ဘောင်းဘီရှည်ကြီးကိုသာ ဝတ်ဆင်လေ့ရှိသော ကောင်လေး ။ စကားနည်းပြီး တစ်သီးတစ်ခြား နေတတ်သော ထိုကောင်လေးက အရယ်အပြုံးဆိုတာလည်း မရှိသလောက်ကို ရှားသည်..။
ကျောင်းဖယ်ရီသာ စီးလေ့ရှိသော ထိုကောင်လေးကို တစ်ခါတစ်လေ Farriorကားအနီလေးက လာကြိုတတ်သေးသည်..။ ထိုအချိန်မျိုးတွင် ဝမ်ရိပေါ်က တောက်ပစွာပြုံးလျက်ရှိပြီး တတ်ကြွစွာနှင့် ကားပေါ်သို့တတ်သွားတတ်သည်..။
ခုလည်း ဆရာရဲ့သင်ကြားမှုကို ခေါင်းလေးညိမ့်ရင်း နားထောင်နေကာ မှတ်စုတိုများကို လိုက်မှတ်နေသည်..။ အတန်း Break ချိန်တွင်တော့ ထမင်းဘူးကို ဖွင့်ကာ အေးအေးလူလူ ထမင်းစားနေလိမ့်မည်..။ ထိုသူက သမရိုးကျဘဝကို အေးအေးလူလူ ဖြတ်သန်းနေသော်လည်း ထိုအေးချမ်းမှုကို စူးစမ်းတတ်သော လူသားများကလည်း ရှိကျစမြဲပင်..။ ပြသာနာက ချက်ချင်းလက်ငင်းပင်..
" ဝမ်ရိပေါ် "
Ice Coffee တစ်ခွက်က ရိပေါ့်ထမင်းဘူးဘေးသို့ ရောက်ရှိလာခဲ့ကာ မိမိနဲ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သော လူရွယ်တစ်ယောက်..။ ထိုသူ့ခန္ဓာကိုယ်က ရောင်ဝါတစ်မျိုး ထွက်နေသလို အခန်းထဲက အပူချိန်မှာလည်း ရုတ်တရတ်မငြိမ်မသက် ဖြစ်သွားတော့သည်..။ Break ချိန်ဖြစ်တာမို့ တစ်ချို့ကျောင်းသား/သူ အချို့ကလည်း စာသင်ခန်းထဲတွင် ရှိနေဆဲသာ..။
ရိပေါ် က ခပ်တည်တည်မျက်နှာပေးနှင့် ထိုသူအားမျက်လွှာပင့်ကြည့်ကာ..
" ကျွန်တော်နဲ့ ဘာကိစ္စရှိလို့များလဲ..? "
" မင်း ငါ့ကိုမသိဘူးလား? "
ထိုသူက ပုံသွင်းထားသော ဆံပင်များကို သပ်တင်ကာ သွားတန်းညီညီလေးတွေ ပေါ်အောင် တမင်ပြုံးရင်ပြောလာသည်..။ သွားစွယ်နှစ်ဖက်က လှပ်ခနဲ ပေါ်သွားချိန်တွင်တော့ 'အိုက်စ်' ဟူသော ခပ်တိုးတိုးအော်ဟစ်သံနှင့် မိန်းကလေးများရဲ့ ခိုးခိုးခစ်ခစ်ရယ်သံများကို ကြားလိုက်ရသည်..။ သို့ပေမဲ့ ရိပေါ်ကတော့ ပျင်းရိစွာနှင့် ခေါင်းသာရမ်းပြလိုက်ရင်း..
YOU ARE READING
"ʙᴀʙʏ....🄱🄾 " [ COMPLETED ]✔
Fanfiction// ZhanYi // Fan fiction နီးလျက်နဲ့ အချစ်ကိုမမြင်နိုင်တာကို အနီးမှုန်လို့ခေါ်တယ်တဲ့..။ ကျွန်တော်ကတော့_____ အနီးကိုလည်း မမြင်ဘူး..။ အဝေးကိုလည်း မမြင်တဲ့ ကြောင်တောင်ကန်းတစ်ယောက်..။ Bo ဆိုတဲ့ နာမ်စားလေးက ကျွန်တော်ရင်ခုန်သံ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မ...