(Unicode)
*အိုက်ဝမ်...
ဆိတ်ငြိမ်တဲ့ ထပ်မြင့် ကော်ဖီဆိုင်လေး တခုထဲကို ခေါ်သံနှင့် အတူ လှပ ကျော့ရှင်းစွာ လှမ်းလျှောက်လာတဲ့ မိန်းမချောလေး တစ်ယောက်.....
သွယ်လှတဲ့ ခန္ဓာ ကိုယ်ပေါ်မှာ အဝါနုရောင် ဝတ်စုံ ဇာဂါဝန်အတိုကို ဝတ်ဆင်ထားသည်။သူမ လှမ်းခေါ်လိုက်တဲ့ ကောင်လေးကတော့ သူမအသံကို မကြားနိုင်ဘဲ တနေရာကို ေငးကြည့်နေခဲ့သည်။ နုနယ်ပျိုမျစ် ခြင်းတို့က ထို လူသားအား ဖန်ဆင်းရန် နတ်တပါးရဲ့ အားထုတ်ထားမှုများလား ထင်ရအောင် ငယ်ရွယ်တဲ့ ယောကျာ်းလေး တယောက်ရဲ့ ချောမောခြင်းနဲ့ နုပျိုခြင်း ပုံစံက ထင်ရှားလှသည်။
*အိုက်ဝမ်...
ထပ်မံ ခေါ်လိုက်တဲ့ သူမ အသံကြားမှ ရုတ်တရက် အသိဝင်လာသူလို သူမ ဘက်ကို လှည့်ကြည့်လာသည်။
*သဲ...ရောက်လာပြီလား...လာလေ ထိုင်...
*ဘာတွေများ ဒီလောက် ငေးနေရတာလဲ ကိုရယ်...သဲ ကို့ကို ခေါ်နေတာ ကြာပြီ...
*အဟင်း...ဘာမှ ထွေထွေ ထူးထူး မရှိပါဘူး...
သူမ အမေးကို အရေးမကြီးသလို ပြန်ဖြေနေတဲ့ ကောင်လေးကို ယုံရှင်း မြတ်နိုးစွာ ကြည့်နေမိသည်။ စားပွဲမှာ ဝင်ထိုင်တော့ ထိုလူသားလေးက သူမ ရှေ့ကို မီနူးကဒ်လေး တိုးပေးလေသည်။
ဝမ်ရိပေါ်.....
သူမ မြတ်နိုးရတဲ့ လူသားလေး...အေးစက်စက်နေတတ်ပေမယ့် နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်.....တနည်း ပြောရရင် သူမ သိပ်ချစ်ရတဲ့ ကောင်လေးပေါ့.....*ညနေကျရင် မာမီက အိမ်ကို လာခဲ့ပါဦးတဲ့...သူ့ သားမက်လောင်းလေးကို ညစာနဲ့ ကျွေးမွေးဧည့်ခံချင်လို့ပါတဲ့ရှင့်...
သူမက ရွတ်နောက်နောက် ပြောတော့ ဝမ်က ခပ်ဖွဖွရယ်ရင်း ခေါင်ညိမ့်ပြသည်။
*ညနေ ကုမ္ပဏီ က အပြန် တန်းပြီးလာခဲ့ပါမယ်ဗျာ...
❣ ❣❣ ❣❣❣
ကော်ဖီဆိုင်လေးက ထွက်တော့ ယုံရှင်းက သူမ ကားလေးဆီ လှမ်းလျှောက်သွားသည်။ ရိပေါ် က ကားဆီ လိုက်ပို့ပေးရင်း သူမ ကားထွက်သွားသည်အထိ ရပ်ကြည့်နေခဲ့သည်။
YOU ARE READING
ဟင့်အင်း ခင်ဗျားကို....(U&Z) - Completed