🌼🌼(၆)🌼🌼

2.2K 205 6
                                    


(zaw+uni)

ညနေ၃နာရီလောက်မှ ချင်မုယွင်ကပြန်လာသည်။ ဖေးရှန်
ပြတင်းပေါက်မှ တဆင့်စံအိမ်ထဲကို တစ်ဖြည်းဖြည်းဝင်
လာတဲ့ မုယွင်ကားကို ဖေးရှန် စိုက်ကြည့်နေမိသည်။
မုယွင်နဲ့မုယွမ် တို့နှစ်ယောက်စလုံး ဘယ်လောက်ပဲ အလုပ်များများ ညစာကိုသူနဲ့အတူတူစားသည်။ အိမ်ကိုလည်း
နောက်ကျပြီးမှ ပြန်လာတာမျိုး မရှိခဲ့။

" ဒေါက် ဒေါက် " " ဖေးရှန်"
တံခါးအပြင်ဘက်ကနေ အေးစက်လှတဲ့အသံကြောင့်
အတွေးထဲလွှင့်မြော​နေတဲ့ ဖေးရှန် တစ်ယောက် လန့်
ပင်လန့် သွားသည်။

ကျွီ..

တံခါးပွင့်လာတော့ ဖေးရှန် သူ့ထက်ခေါင်းနှစ်လုံးစာမြင့်တဲ့
အရပ်ကိုပိုင်ဆိုင်ထားတဲ့ မုယွင်ကိုတွေ့လိုက်သည်။
suiteအပြည့်ဝတ်ထားပြီး မျက်နှာမှာလည်း အနည်း
ငယ်နွမ်းလျနေပုံ

" အာ ပြန်လာပြီလား "

" အင်း "
ပြောပြီး ဖေးရှန်ကို ကျော်ပြီး အခန်းထဲကိုဝင်သွား
သည်။ ဖေးရှန်တစ်ယောက် မုယွင်နောက်ကနေပဲ တိတ်
တဆိတ်လိုက်သွားသည်။ ဖြစ်နိုင်တာကတော့ မုယွင်
က သူ့ကိုပြောစရာရှိလို့နေမှာ

ဖေးရှန် အတွေးမဆုံးခင် မုယွင်က ရုတ်တရတ်သူ့ဘက်
လှည့်လာပြီး သူ့ခါးကို ဆွဲဖက်ပြီး ပြင်းပြင်းပျပျ နမ်းလာ
သည်။ သတိလက်လွှတ် ဟထားတဲ့ ပါးစပ်အတွင်းကို
မုယွင်က လျှာဝင်ရောက်လာကာ မွတ်မွတ်သိပ်သိပ်
နမ်းလာတော့သည်။

မိနစ်ဝက်လောက်နမ်းပြီး ဖေးရှန်တစ်ယောက် အောက်ဆီ
ဂျင်ကို အလုတယက်ရှုသွင်းရသည်။ သူ့ရဲ့နှုတ်ခမ်းကလည်း ပုံမှန်ထက် နီစွေးနေပြီး ပါးစပ်ကိုဟကာ အလုတယက်ရှုသွင်းနေပုံကို ကြည့်ပြီး မုယွင်တစ်ယောက် ထပ်နမ်း
မိမှာကို မထိန်းနိုင်လောက်အောင်ပင်။

" ဖေးရှန် "

မုယွင်ရဲ့အသံကြားမှ ဖေးရှန်တစ်ယောက် ခေါင်းကိုမော့
ကြည့်တော့သူ့ကိုကြည့်နေတဲ့ မုယွင်ကိုတွေ့သည်။
မျက်လုံးချင်းအကြည့်ဆုံပြီး တစ်ဖက်လူရဲ့ စိတ်ရှုပ်ထွေး
နေတဲ့အမူအယာကြောင့် ဖေးရှန် နားစွင့်နေလိုက်သည်။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now