🌼🌼(၄၅)🌼🌼

662 74 1
                                    

[ zawgyi ]

အိမ်ပြန်ရောက်ရောက်ခြင်း ဖေးရှန်ရေနွေးနွေးလေး
နဲ့ချိုးလိုက်သည် ။ ကျောင်းမှာအိပ်မငိုက်ပေမဲ့
ရေနွေးနွေးလေးကြောင့် ရေစိမ်နေလျက် အိပ်ချင်
စိတ်ပေါက်လာသည် ။ ပင်ပန်းနေတာကြောင့်လည်း
ဖေးရှန် မျက်ခွံတွေလေးလာကာ အိပ်ပျော်သွားသည်။

အိမ်မက်လှလှလေးတစ်ခုကလည်း ဖေးရှန်အာရုံထဲ
ထိုးဖောက်လာသည် ။ ခရမ်းရောင်လာဗန်ဒါပန်း
ခင်းကြီးရဲ့အလယ်မှာ ဖေးရှန်ရောက်နေ၏။ ခရမ်း
ရောင်လာဗန်ဒါပန်းတွေက မျက်စိတစ်ဆုံးရှိနေပြီး
လှပတဲ့ လိပ်ပြာလေးတွေကလည်း ဖေးရှန်နားတစ်
ဝိုက် ပျံသန်းနေသည် ။

လှပလွန်းတဲ့ လိပ်ပြာလေးတွေကို ငေးကြည့်နေရင်း
ဖေးရှန် လက်နှစ်ဖက်လေးလံသွားလို့ ငုံကြည့်လိုက်
တော့ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့
သုံးလေး နှစ်ရွယ် ကလေးလေးနှစ်ယောက်ကိုတွေ့
လိုက်သည် ။

ဖေးရှန် ချစ်စရာကောင်းလွန်းတဲ့က​လေးနှစ်ယောက်
ကိုသေချာကြည့်လိုက်တော့ ဆင်တူဝတ်ထားပြီး
ရုပ်လည်း ဆင်နေသည် ။ ဂျင်းကြိုးသိုင်းလေးတွေ
ဝတ်ထားပြီး ဖိနပ်ပင်ဆင်တူဝတ်ထားသေး၏။

ဖေးရှန် ကလေးလေးတွေကို ကြည့်ရင်းထူးဆန်းတဲ့
ကြည်နူးမှုတစ်ခုဝင်လာသည် ။ ဒါ့အပြင် သူ့မှာလည်း
အခုလိုဆင်တူဝတ်ပေးနိုင်မဲ့ကလေးနှစ်ယောက်လည်း
သူ့ဗိုက်ထဲမှာရှိသေးသည် ။

" ပါးပါး" "ပါး " က​လေးလေးနှစ်ယောက်ရဲ့နူးညံလှတဲ့အသံက ဖေးရှန်နားထဲစီးဝင်လာသည် ။.

" ဟမ် "

ဖေးရှန်အသံပင်ထွက်ကာ ဆွံအသွားသည် ။သူတောင်
ဒီနေရာဘယ်လိုရောက်လာလဲ မမှတ်မိတာ
ဒီကလေးနှစ်ယောက်က ဘယ်လိုရောက်လာလဲ
သူလည်းမသိ ။ ဒါ့အပြင် သူ့ကိုပါ ပါးပါးလို့လာခေါ်
နေသေးသည် ။

" ပါးပါး ဒယ်ဒီတို့စောင့်နေတယ် ပြန်ကြရအောင် "

" ဟမ်"

ဖေးရှန် ထက်လန့်နေတုန်း နားထဲနူးည့ပြီးရင်းနှီးတဲ့အသံ
ကြားလိုက်ရသည် ။ မုယွမ်အသံဖြစ်သည် ။
မုယွမ်အသံက နူးညံနေရာကနေ အရမ်းကိုထိတ်လန့်
လာတာကို ဖေးရှန်ခံစားလို့ရသည် ။ ဖေးရှန် လန့်လာ
သည် ။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now