🌼🌼(၂၁)🌼🌼

1.5K 139 5
                                    

Z̸a̸w̸g̸y̸i̸

W̸a̸r̸n̸i̸n̸g̸ !!!!!I̸n̸c̸l̸u̸d̸e̸ k̸i̸s̸s̸ s̸e̸n̸c̸e̸
R̸e̸a̸d̸ o̸n̸ y̸o̸u̸r̸ o̸w̸n̸ r̸i̸s̸k̸

ဘာမှမပြောပဲ လူကိုအသက်ရှုရပ်မတတ်ဖက်ထားတဲ့
မုယွင်ကြောင့် ဖေးရှန်တဖြည်းဖြည်းထိတ်လန့်လာသည်။
သူ မုယွင် ဒေါသထွက်နေတာကိုသိပေမဲ့ ဘာကြောင့်
လဲဆိုတာ သူမသိ။ မုယွင်ပေါင်ပေါ်ထိုင်ပြီး အနောက်
မှ အတင်းဖက်ထားခံရလို့ ဖေးရှန် ရုန်းကြည့်ကာ

"ကိုကို အဖိုးဆီ မသွားတော့ဘူးလား"

" ဘာလဲ ကိုယ့်ကိုမရှိစေချင်နေတာလား"
မုယွင်ရဲ့အံ့ကြိတ်သံကြောင့် ဖေးရှန် ခေါင်းကိုခါယမ်း
ပြလိုက်တယ်

ငယ်လေးရဲ့ သိသိသာသာနေရခက်နေတဲ့မျက်နှာကြောင့်
မုယွင် ခပ်ဖွဖွပဲဖက်လိုက်ကာ

" ငယ် ခုနက လူက ဘယ်သူလဲ"
မုယွင် ငယ်ဆီမှ သူတို့ဆီကဝေးနိုင်တဲ့စကားကိုမပြော
ဖို့ ဆုတောင်းနေသည်

" ခုနက လူ? အော် ရိဖန်လား. သူကငယ်ရဲ့ အချစ်
ဆုံးအိမ်နီးချင်းလေ"

မုယွင်ရဲ့ပျော့ပြောင်းတဲ့မျက်နှာက ဖေးရှန်ရဲ့'အချစ်ဆုံး'
ဆိုတာပဲ ကြားလိုက်ရကာ တင်းမာခက်ထန်သွားပြီး
အနီးက.စတိုးခန်းတစ်ခုထဲဝင်လိုက်ပြီး.ဖေးရှန်ကို
နံရံကပ်လိုက်သည်။

ကျောနဲ့နရံထိခတ်နှုန်းက မသေးပေ။ မုယွင်ရဲ့အားနဲ့တွန်း
ဖိခံရတော့ ကျောက အတော်ပင်နာသွားသည်။
ဖေးရှန် မုယွင်ဘာလို့အခုလို လုပ်လဲမသိပေမဲ့ ငြိမ်ငြိမ်
လေးပဲနေလိုက်သည်။

ဖေးရှန်ရဲ့မျက်နှာကို စက္ကန့်ဝက်လောက်ကြည့်ပြီး
နူးညံတဲ့နှုတ်ခမ်းသားလေးကို နမ်းလိုက်တော့သည်။
ချစ်မြတ်နိုးစွာ နမ်းတဲ့အရင်က အနမ်းတွေနဲ့ကွာခြား
စွာ ကြမ်းတမ်းပြီး တပ်မက်မှုတွေနဲ့ ဖေးရှန်ရဲ့နှုတ်ခမ်း
အိအိလေးကို အပေါ်အောက်ကိုက်ဆွဲနေသည်။

ဖေးရှန် ငံကျိကျိသွေးအရသာကို ရလို့ ရုန်းတော့ ပိုတိုး
ကိုက်လာသည်။ ကျွမ်းကျင်စွာ လှည့်ပတ်နေတဲ့မုယွင်
လျှာကြောင့် ဖေးရှန် အသက်ရှုပင်ကြပ်နေသည်။

နှုတ်ခမ်းတွေက အနမ်းခွာပြီး လည်တိုင်ကိုရောက်လာ
ကာ တစ်ခုတည်းကျန်တော့တဲ့ရှပ်အကျီကိုချွတ်ပစ်လိုက်
ပြီး ပေါ်လာတဲ့မုယွင်လည်တိုင်နဲ့ညုပ်ရိုးတစ်လျောက်
ကို အားနဲ့ကိုက်ခဲမိသည်။ မုယွင် ဆေးမိထားသလို
ဖြစ်ကာ ဖေးရှန်ကို အရူးအမူးကိုက်ခဲနေသည်။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now