🌼🌼(၁၈)🌼🌼

1.6K 152 7
                                    

Zαɯɠყι

မုယွမ် အိမ်ပြန်လာတော့ အတော်ပင်နောက်ကျသည်
ဟော်တယ်ကိုဝင်ပြီး ရေချိုးအဝတ်စားလဲလို့ပိုကြာခဲ့
သည်။ မိန်းကလေးတစ်ယောက်နဲ့အပြင်မှာတွေ့လာခဲ့
ပြီး သူ့ကိုယ်ပေါ်မှာ ထိုမိန်းမနဲ့ပက်သက်တာဘာမှ
မကပ်ချင်။ ရုတ်စွအဆုံး သူဝတ်ခဲ့တဲ့အကျီတောင်
မသတီတော့လို့ အပိုင်းပိုင်းအစအစဖြစ်အောင်လုပ်
လိုက်သည်။

အိမ်အကူဦးလေးကြီးထွက်လာပေမဲ့ပြန်သာအိပ်ခိုင်းလိုက်
သည်။အပေါ်ထပ်တက်ကာ မုယွင်အခန်းထဲကိုအရင်ကြည့်တော့မုယွင်တစ်ယောက်သာ အိပ်နေလို့ သူမျက်မှောင်
ကြုပ်မိသည်။

မုယွင်က ငယ်နဲ့တူမအိပ်ရင် ငယ်တစ်ယောက်ထဲ
အိပ်နေတာလာ
အတွေးနဲ့အတူ ငယ်လေး အခန်းကိုသွားကြည့်တော့
လည်း ဘယ်သူမှမတွေ့လို့ မုယွင်အခန်းကိုပြေးသွား
ကာ

" မုယွင် မုယွင် အကို အကို ထဦး ငယ်လေး ငယ်မရှိတော့ဘူး "

" ဟမ် မုယွမ် ပြန်လာပြီလား"

"အင်း ငယ် မရှိတော့ဘူးလို့်"
မုယွင်ကြမ်းပြင်ပေါ် ဒူးထောက်ကာ ငိုနေတဲ့ ညီဖြစ်သူ
ကိုကြည်ကာ

" ငယ့်အခန်းထဲမှာနေမှာ "

"မရှိဘူး ငယ်လေး သူ့အခန်းထဲမှာမရှိဘူး"
မုယွမ်ရဲ့စို့နင့်နေတဲ့ အသံကြောင့်မုယွင်ပါ ဒိတ်ကနဲ
သွေးတွေဆောင့်တက်လာကာ

" မင်း အခန်းထဲရော"

"ဟမ် "
ပြောပြီး ပြေးထွက်သွားတဲ့သူ့ညီဖြစ်သူနောက်ကို
လိုက်ရသည်။

မုယွမ် တံခါးကိုအသံအကျယ်ကြီးတွန်းဖွင့်ကာ အခန်း
မီးကိုဖွင့်လိုက်တော့ တောက်ပလာတဲ့အလင်းရောင်နဲ့
အိပ်ယာပေါ်က ညဝတ်အကျီအဖြူလေးနဲ့ အဖြူလုံး
လေးကို တွေ့မှ ခြေလှမ်းအကျဲကီးတွေနဲ့ ပြေးသွားကာ
အိပ်နေတဲ့ ကိုယ်လေးကိုဆွဲပွေ့ဖက်လိုက်သည်။

သူရဲ့ကြမ်းတမ်းလှတဲ့ ဖက်တွယ်မှုကြောင့် အဖြူလုံး
လေးက မျက်လုံးတွေကိုပွတ်သတ်ပြီး သူ့ကိုကြည့်
လာကာ

" ကိုကိုမုယွမ် " အိပ်ချင်မူးတူးအသံလေးကြားမှ မုယွမ်
လန့်နေတဲ့စိတ်တွေအကုန်ပြန်တည်ငြိမ်သွားပြီး

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now