(zawgyi+ uni)
နောက်တစ်နေ့ မနက်၇နာရီမှာ ဖေးရှန် နိုးလာခဲ့သည်။
ဘေးဘက်မှာ မည်သူမျှမရှိ ဒါပေမဲ့ အိပ်ယာက နွေးနေ
သေးလို့ သိပ်မကြာခင်က ထိုလူနှစ်ယောက်နိုးမှန်း
ခန့်မှန်းလို်က်သည်။ ဒါပေမဲ့ ဖေးရှန် ထဖို့ စိတ်ကူးမရှိ
မျက်လုံး အသာမှိတ်ရင်း မနေ့ကအကြောင်းတွေ စဉ်းစား
မိတော့ သူ့ကိုယ်သူအရှက်မရှိပါလားလို့တောင် သံသ
ယဝင်မိသည်။မနေ့ညက ဖေးရှန် ခွင့်ပြုပေမဲ့ ထိုနှစ်ယောက်ကတော့
သူ့စကားကို မကြားခဲ့သည်အလား ဘာမှမပြောကြ။
ဒါကြောင့်ပဲ သူထပ်ပြောတော့ 'ကလေး' လေးရှိတယ်
ဆိုတဲ့ ဝေါဟာရကြောင့်မို့ ဖေးရှန် လက်လျော့လိုက်သည်။
ထိုနှစ်ဦးနဲ့ အတူ ဖက်အိပ်ဖို့ တောင်းဆိုတော့ မငြင်းကြ
သလို မုယွမ်အခန်းထဲ မုယွင်က မအိပ်ချင်ဘူးလို့လဲ မပြော ။ ကံကောင်းတာတစ်ခုက မုယွမ်ရဲ့အိပ်ယာက သူတို့
သုံးယောက်စာ လုံလောက်လို့ပင်။မုယွင် ရင်ခွင်ထဲ ခေါင်းတိုးအိပ်နေတဲ့သူ့ကို မုယွမ်က
နောက်ကျောကနေဖက်ပြီး သုံးယောက်စလုံး အိပ်ပျော်
သွားကြတာ ဖေးရှန် ပထမဆုံးညကလိုပင် အိမ်မက်ဆိုး
မမက်..." ငပျင်းလေး ထတော့လေ "
အခန်းဝမှာ မုယွမ်ရဲ့အသံကြားမှ ဖေးရှန် မျက်လုံးမဖွင့်
သေးပဲ အိပ်ယာပေါ်ကောက်ထိုင်လိုက်ကာ ဆူပုတ်နေ
သည်မုယွမ် ဖေးရှန်ကိုယ်လေးကို ပွေ့ချီလိုက်ကာ ရေချိုးခန်း
ဆီဦးတည်လိုက်သည်။ မျက်နှာသစ်သွားတိုက်အကုန်
လုပ်ပေးပြီး အိပ်သာတက်ဖို့ပါလုပ်ပေးနေလို့ ဖေးရှန်
မျက်နှာပူစွာ မုယွမ်ကို အခန်းအပြင်တွန်းထုတ်လိုက်
ရသည်။မုယွမ် ပိတ်သွားတဲ့ရေချိုးခန်းတံခါးကို ကြည့်ပြီး
ရယ်ပဲရယ်နိုင်တော့သည်။ဘယ်နှယ့် သူတို့ ဟိုကိစ္စတောင်လုပ်ပြီးပြီးပဲ
ဒီကလေးက ဘာလို့ရှက်နေတာပါလိမ့်(🌚🌚)
မုယွမ် ပြုံးနေတုန်း အခန်းထဲကို မုယွင်ဝင်လာပြီး သူ့အကြည့်အတိုင်း ရေချိုးခန်းကို ကြည့်နေလေသည်။