🌼🌼(၂၆)🌼🌼

1.4K 152 5
                                    

Z̲̅a̲̅w̲̅g̲̅y̲̅i̲̅

မုယွင် ဖေးရှန် ဖုန်းလာတော့အစည်းအဝေးလုပ်နေခြင်း
ဒါပေမဲ့ ဖေးရှန်ဖုန်းကိုvibrate လုပ်ထားလို့ချက်ခြင်း
ကိုင်ဖို့လုပ်ပေမဲ့ ဖေးရှန်သူ့ကိုမှားခေါ်တယ်ထင်လို့
ဖုန်းကျသွားဖို့ စောင့်နေပေမဲ့ အတော်ကြာတဲ့အထိ
တုန်ခါနေလို့ မုယွင် ကိုင်လိုက်သည်။ မည်သို့စပြော
ရမလဲ မသိလို့ ငြိမ်နေပေမဲ့ တစ်ဖက်က ချစ်စရာကောင်း
တဲ့အသံဆာဆာလေးကြောင့် မျက်နှာမှာ အပြုံးတစ်ပွင့်
ပေါ်လာသည်။

မျက်နှာကိုပြန်တည်ပြီး 'အင်း'တစ်လုံးသာဖြေလိုက်ပေမဲ့
ဖေးရှန်သာ သေချာနားထောင်ရင် သူပျော်နေတယ်ဆို
တာသိလောက်သည်။ အစည်းအဝေးရပ်ဖို့လက်ဟန်ပြ
ပြီး ဖေးရှန်အတွက်ဆန်ပြုတ်ဝယ်ဖို့ ထွက်လာခဲ့လိုက်
သည်။

အစည်းဝေးခန်းထဲက ကျန်ခဲ့တဲ့ ရှယ်ယာဝင်တွေက
ခေါင်းတွေကုတ်လိုက် သက်ပြင်းချလိုက်ပင်။ ၂ရက်
ဆက်တိုက် ဖိအားပေးပြီး အစည်းဝေးနေ့တစ်ဝက်
လောက်လုပ်တဲ့ CEOဖြစ်သူကြောင့် ဒုက္ခရောက်ကြ
ပေမဲ့ အထွန့်မတတ်ရဲ ။ ဟန်ဝူလည်း သက်ပြင်းကို
ချပြီး ဖေးရှန်ကို စိတ်ထဲကနေ ကျေးဇူးတင်လိုက်သည်။

အင်ဂျင်နီယာ ဋ္ဌာနကဝန်ထမ်းတွေကို ဆောက်လုပ်ဖို့
အကြမ်းဖျင်းပြောပြပြီး အစည်းအဝေးကိုသိမ်းလိုက်
သည်။

ဘဏ္ဍာရေးတာဝန်ခံ တစ်ယောက်နဲ့ HRတစ်ယောက်
ရဲ့ အင်တာဗျူးကိုလည်း bossမပါပဲ ဟန်ဝူတစ်ယောက်
တည်းသာ ရွေးရတော့မယ်။ အရင်တစ်ခါ မြေကွက်
ကိစ္စမှာ ဘဏ္ဍာရေးဝန်ထမ်းတော်တော်များများ အလုပ်
ထုတ်ပစ်ခဲ့သည်။ သူ့bossက ဘယ်အချိန်ကတည်းက
သက်သေတွေစုဆောင်းထားတာလား အကုန်လုံးကို
ထိုးဖောက်သိနေသည်လား မသိပေမဲ့ တစ်ယောက်ချင်း
စီရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြပြီး ကုပ္မဏီက
တောင် ထုတ်ပစ်တဲ့လူတွေကို နစ်နာကြေးပေးရာ
မလို ။

သူ့အနေနဲ့ bossနောက်မှာ bossညီလေးရှိတယ်ဆိုတာ
မကြာသေးခင်ကမှ သိခဲ့ရပေမဲ့ bossတစ်ဦးတည်း
ကလည်း စီးပွားရေးလောကမှာ တတိယမျိုးဆက်ပီသစွာ တောဘုရင်ခြင်္သေ့လို စီးပွားရေးလောကမှာလည်း ခြသေ့င်္တစ်ကောင်လို အုပ်စိုးနိုင်သည်။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now