Zawgyi+Unicodeဖေးရှန် အသက်ရှုကြပ်လာပြီး ခန္တကိုယ်အနှံကိုလည်း
ပိုးကောင်တွေသွားလာနေသလို ယားယံလာသည်။
မျက်လုံးကိုအားယူဖွင့်လိုက်တော့ အမှောင်နဲ့ပထမဆုံး
ထိတွေ့ရပြီး သူ့ပေါ် အုပ်မိုးနေတဲ့သူဘယ်သူလဲ? ချင်စံအိမ်ကို?
တွေးနေတုန်း ထိုလူဆီက ရင်းနှီးတဲ့အနံအပြင် မျက်နှာပါ
တစ်ဖြည်းဖြည်းပေါ်လာလို့ ဖေးရှန် လန့်ပြီး မအော်မိ" ကိုကိုမုယွမ် "
တိုးညင်းနေတဲ့သူအသံက အမှောင်ထဲက မုယွမ်ကြားဖို့
လုံလောက်သည်။ ဖေးရှန် နိုးလာလို့ မုယွမ် ဘာမှဆက်
မလုပ်တော့ပဲ ဖေးရှန်ဘေးကိုသာ လှဲချလိုက်တော့သည်။ဖေးရှန် အစောက စိတ်ဆိုးမလို့ပေမဲ့ မုယွမ်ရဲ့ဝမ်းနည်း
နေတဲ့အမူအယာကိုတွေ့လို့" ကိုကိုမုယွမ် ဘာဖြစ်နေတာလဲဟင်"
ကိုယ်လေးကို စောင်းပြီး မုယွမ်ကိုမေးတော့ မုယွမ်
ရယ်ချလိုက်ပြီး ဖေးရှန် ကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲ
သွင်းကာ" ဒီလိုလေးပဲ နေရအောင် အဆင်ပြေတယ်မလား"
မုယွမ်ရဲ့ အငြင်းပိတ်မေးခွန်းကို ရင်ခွင်ထဲမှခေါင်းငြိမ့်ခါ
သာ တုံပြန်လိုက်သည်။ရင်ခွင်ထဲက ကောင်လေးရဲ့ကျောပြင်နဲ့ဆံနွယ်နုနုလေး
တွေရှိတဲ့ ခေါင်းလုံးလုံးလေးကို ပွတ်သတ်နေရင်း မုယွမ်
စိတ်ညစ်သမျှတွေက ခုနက ခိုးနမ်းတာနဲ့မတူပဲ အကုန်
ပျောက်ကွယ်သွားသည်။ရင်ခွင်ထဲက မီးရောင်မှိန်မှိန်လေးထဲမှာတောင်မြင်ရတဲ့
မြင်ရတဲ့ နှုတ်ခမ်းရဲရဲပိုင်ရှင်လေးကတော့ အိပ်မောကျ
နေပြီပင်။ မုယွမ် သက်ပြင်းချလိုက်ပြီး ဖေးရှန်
ဗိုက်လေးနားထိ ခေါင်းကိုငုံကာ ဗိုက်လေးကို အနမ်း
ပေးကာ" ဒယ်ဒီတို့ရဲ့ ကလေးလေး မင်းတို့ ကောင်းကောင်းမွန်
မွန်နေနော် ပါးပါးကို စိတ်အနှောက်ယှက်ဖြစ်အောင်
မလုပ်နဲ့နော်"မုယွမ်ရဲ့ စိတ်ညစ်မှုအလုံးစုံက ပျောက်ကွယ်သွားပြီး
သူ့မှာ ဖေးရှန်ရယ် မုယွင်ရယ် ပြီးတော့ သူတို့ကလေး
လေးတွေပါ ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ သူအနှစ်
နှစ်ဆယ်လုံးနေခဲ့တဲ့ အိမ်တော်ဟောင်းက လူတွေကို
လျစ်လျူရှုနိုင်သည်။
ဗိုက်လေးကို ထပ်အနမ်းပေးရင်း အခြားနေရာတွေကိုပါ
စိတ်အလိုတိုင်း အနမ်းပေးမိသည်။