🌼🌼(၄၄)🌼🌼

728 71 10
                                    

happy new year for all❤

.[ Zawgyi ]

ကျောင်းသို့သွားခြင်း

ဖေးရှန် ပထမဆုံးကျောင်းတက်ရက်မှာ အခုလို အမှား
လုပ်မိလိမ့်မယ်လို့ ထင်မထား ။ စာသင်ခုံမှာပဲ ဝင်ထိုင်
ရမလား ကျောင်းအပြင်ဘက်ပြေးထွက်ရမလား မသိ
တော့ ။

အတန်းထဲမှာ ထိုင်နေသူတွေက သိသိသာသာသူ့ကို
စိုက်ကြည့်နေကြသည် ။ ဆွယ်တာနဲ့ကောင်လေးက
သူ့တို့ထက်ငယ်ပုံပေါ်ပြီး နူးညံမှုကထိုကောင်လေးရဲ့
မျက်နှာပေါ်မှာ ထင်ကျန်နေသည် ။

သိသိသာသာစိတ်ရှုပ်နေတဲ့ ကောင်လေးက မျက်မှောင်
ကုပ်ထားပြီး အတန်းတံခါးဝမှာရပ်နေသည် ။

" ကျောင်းသားဖေးရှန်လား "

အပေါက်ဝမှာ ရပ်နေတဲ့ သူ့နောက်က အသံထွက်လာ
တာကြောင့် ဖေးရှန် နောက်ကိုကြည့်လိုက်တော့
လေးထောင့်မျက်မှန်နဲ့ သပ်ရပ်စွာဝတ်ဆင်ထားတဲ့
အသက်လတ်ပိုင်းလူတစ်ဦးကို တွေ့လိုက်သည်။

" ဟုတ်ပါတယ် "

လေးထောင့် မျက်မှန်ကို ခပ်ဖွဖွပင့်တင်ကာ

" ဆရာက အတန်းခွဲBကို သင်တဲ့ဆရာပါ "

" ဟုတ်ကဲ့ပါဆရာ "

" ကျောင်းအုပ်ကြီးက ရုံးခန်းကိုလာခဲ့ပါဦးတဲ့ "

" အော် ဟုတ် ကျွန်တော်သွားလိုက်ပါ့မယ် "

ဖေးရှန် အရိုအသေပေးပြီး ကျောင်းအုပ်ကြီးရုံးခန်းကို
လျှောက်သွားလိုက်သည် ။

တံခါးကို သုံးခါခေါက်လိုက်တော့

" ဝင်ခဲ့ပါ "

ခွင့်ပြုသံကြားမှ ဖေးရှန် ဝင်သွားတော့ အလုပ်စား
ပွဲမှာ ကျောင်းအုပ်ကြီး ထိုင်နေပြီး ဆိုဖာခုံမှာ ထိုင်နေ
တဲ့ လူတစ်ဦးကို တွေ့လိုက်သည် ။

ထင်းနေတဲ့ မျက်ခုံးမွှေးတွေက လျော့ရဲနေတဲ့ဆံပင်တွေ
ကြောင့် ဖုံးကွယ်ခံထားရသည် ။ လက်ထဲကဖုန်းကို
စိတ်ဝင်တစားကြည့်နေတာကြောင့် ဖေးရှန်ရောက်လာ
မှန်း မသိ ။

ဖေးရှန် ဘယ်လိုခေါ်ရမလဲမသိ ။ ဘယ်လောက်ပဲ
သူတို့ရဲ့ ဆက်ဆံရေးကို သိသိ ဒါကကျောင်းအုပ်
ဖြစ်နေသည်မလား?

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now