🌼🌼(၂၉)🌼🌼

1.3K 132 9
                                    

𝐙𝐚𝐰𝐠𝐲𝐢

စိတ်မကောင်းဖြစ်နေတဲ့ ဖေးရှန်ကြောင့် မုယွင်ပြောလိုက်
တယ်

" ကိုယ်တို့ ညနေ အဖိုးဆီသွားမယ်"

ဖေးရှန် ခေါင်းသာငြိမ့်ပြပြီး လက်ခံကြောင်းပြလိုက်တယ်
သူကိုယ်တိုင်ကတော့ မုယွမ်ပခုံးပေါ်မှာ ငိုလို့ကောင်း
တုန်း ။

မုယွမ်လည်း ခေါင်းကိုက်သွားမှာစိုးလို့ ဖေးရှန်ခေါင်းလေး
ကို ပွတ်သပ်ပေးပြီး

" ဖေးငယ်လေး မငိုနဲ့တော့လေ ခေါင်းကိုက်မယ်"

"အွန်း "

ကိုယ်ကိုမတ်လိုက်ပြီး ရှိုက်သံသေးသေးလေးပါထွက်နေ
လို့ မုယွင် ဖေးရှန်ကိုဆွဲဖက်ကာ နှုတ်ခမ်းလေးကို
နမ်းလိုက်တော့တယ်။

မွ

ရှိုက်သံပျောက်သွားပြီး ရုတ်တရက်ဆန်တဲ့သူ့တိုက်ခိုက်
မှုကို ဖေးရှန် အံ့သြသွားပုံ မျက်လုံးလေးတွေဝိုင်းပြီး
စိုက်ကြည့်နေသည်။ တလက်လက်တောက်ပနေတဲ့
ဖေးရှန် မျက်ဝန်းထဲမှ သူ့ပုံရိပ်ကိုပင်မြင်နေရသည်။
မုယွင် သူ့ကိုကြောင်ကုပ်လိုက်သလို ယားယံလာတယ်။

ဖေးရှန်ရဲ့ ဆံနွယ်အုပ်အုပ်လေးကိုပွတ်သပ်ပေးကာ

" ငယ် ဘယ်ချိန်ကတည်းကပြင်ထားတာလဲ ကိုယ်
တို့တောင် မသိရပါလား"

" အွန်း.အဲ့တာက ဦလေးအရင်က ဖေးအတွက်ဆို
ဝယ်ပေးတာ ဒါပေမဲ့ ဖေးက အဖိုးနဲ့ပိုလိုက်တယ်
ထင်လို့ "

"အင်း "
မုယွင်ရော မုယွမ်ပါ ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။
ဖေးရှန် သူတိုအ့ပေါ်အမြင်​ပြောင်းလဲသွားပြီဆိုပေမဲ့
အလုံးစုံ မပြောင်းလဲသေးဘူးဆိုတာ သူတို့ရဲ့မသိစိတ်
ကရော သိစိတ်ကပါ ပြောနေလေတာ

မနက်ခင်းတစ်ခုလုံးကို tvကြည့်လိုက်နဲ့ကုန်ဆုံးပြီး
နေ့လည်စာစားချိန်မှ ဖေးရှန် မျက်လုံးက အရှေ့ကခွာ
ပြီး အပေါ်ထပ်ကဆင်းလာတဲ့ မုယွင်ကိုတွေ့လို့
မျက်မှောင်ကြုပ်မိသည်။

" ကိုကိုမုယွင် ဘယ်သွားစရာရှိလို့လဲ"

" ကိုယ် သူငယ်ချင်းတစ်ယောက်လောက်နဲ့သွားတွေ့
မလို့ "
မျက်မှောင်ကြုပ်နေတဲ့ ဖေးရှန်ခေါင်းလေးကိုပွတ်ပြီး
ပြောလိုက်တော့ ဖေးရှန်ရဲ့စိတ်အခြေအနေပိုဆိုး
သွားတာကြောင့် မုယွင်ဘာလုပ်ရမလဲ မသိဖြစ်နေ
လေတယ်

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now