(၄၇)

767 87 0
                                    

[zawgyi]

ဖေးရှန်ရဲ့ မနက်စာစားပြီး ပလန်ကတော့ ကျောင်းမတက်
ရန်ဖြစ်သည် ။ ဟုတ်သည်လေ မုယွင်ကခွင့်ရက်တောင်
မဟုတ်ပါပဲ မနက်ဖြန်ပြန်မဲ့သူဆိုတော့ သူဒီနေ့တစ်ရက်
လုံးရှိပေးဖို့ လိုအပ်သည်လေ ။ ပြီးတော့ Dမြို့က နေရာ
တွေကိုလည်း မုယွမ်နဲ့မသွားရတော့ မုယွင်ပါရောက်
လာတော့ ပထမဆုံးကို သုံးယောက်လုံးအတူတူသွား
လို့ရတာပေါ့ ။

" ကိုကိုမုယွမ် ဖေးကို ခွင့်တိုင်ပေးပါလား "

ဆံပင်ကို ခေါင်းလိမ်းဆီလိမ်းပေးနေတဲ့ မုယွမ်က
ရပ်သွားပြီး ဖေးရှန်ကို မေးလာတော့သည် ။

" ဖေး ဘာလို့လဲ မနေ့ညကမှ ကျောင်းတက်ချင်ပါတယ်
ဆို "

" ဟုတ်ဘူးလေ အာ ဖေး ဒီနေ့ ကိုကိုတို့နဲ့လျောက်သွား
မလို့ "

ဖုန်းတစ်လုံးနဲ့ မုယွင်ကပါ မော့ကြည့်လာသည် ။ ဒါပေမဲ့
ဘာမှမပြောပဲ ပြုံးသာပြုံးသည် ။

" ကိုကိုမုယွမ်ကလည်း နော်ပါ သွားရအောင်ပါနော်
ဖေးကို လိုက်ပို့လေနော် "

ဖေးရှန် မုယွမ်ပါးကို နမ်းပြီးပြောလိုက်တော့ မုယွမ်က
သက်ပြင်းချသည် ။

ကောင်လေးကတော့ သူ့နိုင်ကွက်ကိုအသုံးချသွားပြန်
ပြီ

မငြင်းနိုင်တော့တဲ့ အဆုံးမှာပဲ ဖေးရှန်ကိုလိုက်ပိုဖို့သာ
လက်ထောက်ကို စီစဉ်ခိုင်းလိုက်တော့သည် ။

တဂယ်တော့ လျှောက်သွားမယ်သာနာမည်တပ်တာ
အမှန်က လျှောက်စားတာဖြစ်သည် ။ Dမြို့က ဒေသ
ထွက်အစားအစာပေါသည် ။ အကောင်းဆုံးကတော့
အာလူးပူတင်းဖြစ်သည် ။ မြေအိုးထဲမှာအာလူးသီးကို
ကြိတ်ပြီး ပေါင်းတာဖြစ်သည် ။.မုန့်ဖုတ်စက်နဲ့မဖုတ်ပဲ
မြေအိုးတဲ့သဘာဝအတိုင်းပြုတ်တာကြောင့် ပူနွေး
ပြီး စားရတာ အတော်လေးအရသာရှိသည် ။

နို့စတော်တစ်ခွက်ကို အရင်သောက်ပြီး ဆိုင်ဝန်ထမ်
းပေါင်းပေးနေတဲ့ အာလူးပုတင်းမြေအိုးကိုကြည့်နေလိုက်
သည် ။အချိန်တစ်ခုကြာတော့ မွှေးရနံတစ်ခုကလည်း
သူတို့စားပွဲနားပြန့်နှံလာသည် ။ သီးသန့်ခန်းတစ်ခု
မှာ ထိုင်နေကြတာကြောင့် မုယွင်တို့ကသူတို့တည်ရှိ
မှုကို ဖုံးကွယ်စရာမလိုသလို ဖေးရှန်လည်း ပျော်ပျော်
ရွှင်ရွှင်ပဲ အာလူးပူတင်းကို စောင့်နေလိုက်သည် ။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now