[ zawgyi ]
နေ့လည်စာစားပြီး ဧည့်ခန်းက ဆိုဖာမှာ ဗိုက်လေးဖော်
ထားပြီး ဖေးရှန် လှဲနေသည် ။ သူထင်မထားတာက
မုယွမ်ရဲ့ဟင်းချက်လက်ရာက အရမ်းကောင်းလိမ့်မယ်
လို့ ဟော့ပေါ့အချိုစပ်ပေါ်မှ အမဲသားနုးနူးအိအိလေးတွေ
နဲ့အရွက်ကြော်တွေကို သတိရပြီး တင်းကားနေတဲ့ဗိုက်
ကပြန်ဆာလာသလိုမဟုတ်ဘူး ဒီထက်စားရင် သူ့ဗိုက်ဗုံးလိုကွဲသွားလိမ့်မယ်
မီးဖိုချောင်ထဲက ထွက်လာတဲ့ မုယွမ်ကတော့ခြေပစ်
လက်ပစ် ဆိုဖာပေါ်လဲနေတဲ့ ဖေးရှန်ကြောင့် ပြုံးပြီး
လျောက်သွားလိုက်သည် ။
လက်ထဲက ဖရဲသီးပန်းကန်ကို စားပွဲပေါ်ချပေးလိုက်ကာ"ဗိုက်က အရမ်းတင်းနေလား? "
ဗိုက်လုံးလုံးလေးကို ပွတ်ပေးလိုက်တော့ အသံသေးသေး
လေးနဲ့သက်တောင့်သက်သာဖြစ်ကြောင်းပြလာသည် ။
မုယွမ် အသံထွက်ရယ်ပြီး" အာ ပေါင်ပေ့သေးသေးလေးတွေ မင်းတို့ထွက်လာ
ရင် အရမ်းကြီးတော့မှာပဲ မင်းတို့ပါးပါးသေးသေးလေး
က အရမ်းစားသောက်ကြီးတာ! "မုယွမ်စလိုက်တော့ ဗိုက်ပေါ်က လက်က ပုတ်ထုတ်ခံ
လိုက်ရပြီး ကလေးအဖေသေးသေးလေးက ဆူပုတ်ပုတ်
ဖြစ်သွားသည် ။" ဘာလဲ လူကိုအစားကြီးတယ်ဆိုပြီး ပြောချင်တာလား?''
" အာ ကိုယ်ပြောတာမှားလို့လား "
မုယွမ် နားမလည်ကြောင်းပြောတော့ ဖေးရှန်ဘာမှ
ပြောမလာပဲ စားပွဲပေါ်က ဖုန်းကိုယူပြီး မုယွင်ဆီဖုန်း
ဆက်လိုက်သည် ။အသံနှစ်ခါမြည်ပြီးမှ ဖုန်းကတဆင့် မုယွင်ရဲ့အသံသြ
သြကိုကြားလိုက်ရသည် ။" ငယ် "
ဖေးရှန် နှုတ်ခမ်းက ငိုမဲ့မဲ့ဖြစ်သွားပြီး မုယွမ်ကိုကြည့်
လိုက်သည် ။ ပြီးမှ အကြည့်ပြန်လွဲလိုက်ပြီး" ကိုကိုမုယွင်~ "
ဖေးရှန် အသံကိုဆွဲပြီး ခေါ်လိုက်တော့ တစ်ဖက်က မုယွင်
လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တံခါးဖွင့်သံနဲ့လမ်းလျောက်
သံတစ်ဒေါက်ဒေါက်ကိုပါကြားရသည် ။ပြီးမှ