🌼🌼(၁၉)🌼🌼

1.5K 146 7
                                    

Z̸a̸w̸g̸y̸i̸

Bနိုင်ငံကို စီးပွားရေးနိုင်ငံလို့ စီးပွားရေးလုပ်ငန်းရှင်တွေ
ကြားနာမည်ကြီးသည်။  စိုက်ပျိုးရေးနိုင်ငံတွေနဲ့လည်း
မိတ်ဆွေပါတနာဖြစ်ပြီး အင်အားကြီးနိုင်ငံတစ်ခုပင်။
မြောက်မြားစွာသော စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ထိပ်
ဆုံးမှာ ချင်အိမ်တော်က သခင်ကြီးချင်ဟုန်ရန်ရှိသည်။
ဒါ့အပြင် ချင်ဟုန်ရန်၏သား ချင်ကျားယွမ်သည်လည်း
ဒုတိယမျိုးဆက် အာဏာအကြီးဆုံးနှင့် စီးပွားရေးလောက
ကို ချင်ဟုန်ရန်အက်ဆီးဒင့်ဖြစ်ပြီး အနားယူနေတဲ့အချိန်မှ
စပြီး အလွှမ်းမိုးနိုင်ဆုံးဖြစ်သည်။

အသက်၂၀မှာ ကုပ္မဏီကိုဆက်ခံခဲ့ပြီး Aနိင်ငံ၊Cနိုင်ငံ
အထိပါ လုပ်ငန်းတွေကိုဖြန့်ကျက်နိုင်ခဲ့သည်။ ရှားအိမ်
တော်က ဒုတိယသခင်မလေးရှားမေ့ထျန် နဲ့ စီးပွားရေး
အရ လက်ဆက်ခဲ့ပြီး တစ်နှစ်အကြာမှ ကိုယ်ဝန်ရခဲ့
သည်။ အနှောင်အဖွဲ့တွေကိုမုန်းတဲ့ ချင်ကျားယွမ်က
တစ်ညတာအမှားအတွက်နဲ့သူမကို.ထိခဲ့ရပြီး နောက်ပိုင်း
သူမပေါ် ပိုအေးစက်သွားခဲ့သည်။

မစ္စချင်(ရှားမေထျန်) ကိုယ်ဝန်အရင့်မာကြီးနဲ့ ပြန်ပေးဆွဲခံလိုက်ရသည်။ထိုအချိန်တုန်းက ချင်ကျားယွမ်ကCနိုင်ငံ
က ထုတ်ကုန်တစ်ခုပြဿနာအတွက် ခရိးသွားနေတာ
ဖြစ်လို့သူမကို ပရောဂျက်တစ်ခုအတွက်နဲ့ခြိမ်းခြောက်
တော့ ချင်ကျားယွမ်က သူတို့ချင်အုပ်စုနဲ့စီးပွားပြိုင်ဖြစ်
တဲ့ရှားအိမ်တော်က သူတို့သခင်မလေးနဲ့ခြိမ်းခြောက်
အကြပ်ကိုင်သည်ဟုထင်ကာ အေးစက်စွာပြောလိုက်
သည်

" ရှားမေထျန် မင်းအဖေကိုပြောလိုက်ပါ ငါပြန်လာရင်
တွေ့လိုက်မယ်လို့"

မုယွင် ပြတင်းပေါက်မှ ကြီးမားတဲ့စံအိမ်တော်ကြီးကိုတွေ့
မှ တွေးလက်စတွေရပ်လိုက်သည်။ ဘေးမှ စတိုင်အပြည့်
နဲ့ကောင်လေးကို သေချာကြည့်လိုက်သည်။.
ပွဲတက်ဝတ်စုံကို မဝတ်တက်တဲ့ကောင်လေးက pant
အနက်ရောင်နဲ့တီရှပ်အဖြူကို မိုးပြာရောင်ကုတ်လေးကို
သပ်ရပ်စွာဝတ်ဆင်ထားသည်၊ ဖြူဖွေးနူးညံတဲ့မျက်နှာ
လေးက ခေါင်းအဖြူလုံးလေးနဲ့ဆိုတော့ နတ်သား
တစ်ပါးလိုပင် တောက်ပနေသည်။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now