🌼🌼(၁၂)🌼🌼

1.8K 173 6
                                    

Zawgyi

ဖေးရှန်ရဲ့ စားချင်တာဆိုတဲ့ အတွေးက မုယွင်ရဲ့
အနမ်းအောက်မှာပဲ ပျောက်ကွယ်သွားပြီး ရေနွေးနွေး
လေးနဲ့ရေချိုးပေးခံရသည်။ ခေါင်းအနောက်ဘက်ကို
ထိခိုက်ထားလို့ ရေမထိစေရန် ခေါင်းမလျော်
ပြီးတော့ ရေချိုးပေးသူရဲ့လက်အောက်မှာပဲ ဖေးရှန်ရဲ့
ကိုယ်လေး ရေချိုးတပတ်နဲ့ကျစ်ထုတ်နေတာ ကောက်
ညင်းထုတ်သာသာ

" လက်မြောက်"'

"အွန်း"
ဖေးရှန် မုယွင်စကားအတိုင်း လက်ကိုမြောက်ပေးလိုက်ကာ တီရှပ်အကျီလေးဝတ်စေသည်၊။ အကျီဝတ်ပြီး
ဖေးရှန်ရဲ့အောက်ပိုင်းတစ်ပတ်လေးကို မုယွင်လှမ်းလာ
လို့ သူရှောင်ပေမဲ့ ရှောင်မရ ရုတ်တရက်ဖေးရှန်ကိုယ်လေး က မုယွင်ရဲ့ပေါင်ပေါ်ရောက်သွားပြိး တပတ်လေး
ဟာလည်း.ကြမ်းပေါ် ဖေးရှန်ရဲ့အောက်ပိုင်းဟာဗလာ
ဖြစ်နေလို့

" ကိုကိုမုယွမ်"

" ဝတ်ပေးမယ် ငြိမ်ငြိမ်နေ "
ဖေးရှန် မုယွင်စကားအတိုင်းငြိမ်ငြိမ်လေးနေကာ အတွင်း
ခံနဲ့ ဘောင်းဘီဝတ်ပေးမှုကို ပူးပေါင်းလိုက်သည်။

အားလုံးပြီးသွားတော့ မုယွင် ဖေးရှန်ကိုယ်လေးကို ကုတင်ပေါ်တင်ပေးကာ ရေစိုတပတ်ကိုအဝတ်ခြင်းတစ်ခုထဲ
ထည့်ဖို့ထတော့ ဖေးရှန်က သူ့ခါးကိုဖက်ထားပြီး

" ကိုကိုမုယွင် ဘယ်သွားမလို့လဲ "

" ကောင်းပြီ ပြော"
မုယွမ် ကြောင်လးလိုကပ်နေတဲ့ဖေးရှန်ဘက်ကိုလှည့်ပြီး
မေးတော့ သူ့ရင်ခွင်ထဲကို အချွဲလေးကိုတိုးဝင်လာကာ

" အာ ဘာမှမပြောဘူး "
မုယွင် ဖေးရှန်ခေါင်းလေးကို ခပ်ဖွဖွထုပြီး

" ငြိမ်ငြိမ်နေ အဆိုးလေး"
မုယွင်မှာ သူ့ကို'အဆိုးလေး'လို့ခေါ်တော့ ဖေးရှန် ဝမ်းသာ
ပီတိဖြစ်ကာ ဖက်ထားတဲ့ လက်ကိုပြန်ရုတ်လိုက်ပြီး
လိမ်မာတဲ့အမူအယာလေးလုပ်ပြလိုက်သည်။

တဆက်ထဲ မုယွင် အလုပ်သမားတစ်ယောက်ကို ဖေးရှန်
သောက်ဖို့ဆေးကို လာပို့ပေးဖို့မှာလိုက်သည်။

ဖေးရှန်ရဲ့ပြုံးပျော်နေတဲ့ မျက်နှာလေးက အိပ်ယာဘေး
မှာချထားတဲ့ မုယွင်ဖုန်သံကြောင့်ပျောက်သွားပြီး
contactက အတွင်းရေးမှူးရှောင်ဖေးဆိုတာကြောင့်
အသားတွေပါတဆက်ဆက်တုန်လာသည်။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now