🌼🌼(၃၅)🌼🌼

1.1K 119 8
                                    

[ Zawgyi​ ]

ဒေါသအိုးလေး -1

မုယွင် အိမ်ပြန်ရောက်ချိန်က တော်တော်နောက်ကျသည်။
မုယွမ်ကုတင်ပေါ်အိပ်နေတဲ့ ဖေးရှန်ကအပြင်က ကားသံ
ကိုလည်းကြားရော ကုတင်ပေါ်ကပြေးဆင်းပြီး ပုံပြင်
စာအုပ်ဖတ်ပြနေသူကို ပစ်ထားခဲ့လိုက်သည် ။ မုယွမ်
ရှားရှားပါးပါး.ဖေးရှန်ကို ရိုက်ချင်စိတ်ပေါက်လညသည် ။
သူ့ကို ဂျီကျပြီး ပုံပြင်ဖတ်ပြခိုင်းပြီး မုယွင်လာတော့ သူ့
ကိုတောင် မပြောမဆိုနဲ့ထားသွားတယ် ။

လှေကားတွေကို ကျော်ဖြတ်ပြီး ဖေးရှန် အောက်ထပ်ကို
ရောက်တော့ တံခါးမကြီးကဖြတ်ဝင်လာတဲ့ မုယွင်ကို
တွေ့သည် ။ အပေါ်ကုတ်ကို လက်မှာတင်ထားပြီး ကြယ်
သီးနှစ်လုံးလောက်ဖြုတ်ထားတာကြောင့် ဆွဲဆောင်မှု
ရှိတဲ့ လည်တိုင်နဲ့ ညှပ်ရိုးပါပေါ်နေသည် ။ တံတွေးကို
မသိမသာမြိုချပြီး အနားကပ်လိုက်တော့ စူးကနဲထွက်
လာတဲ့ အရက်နံကြောင့် ဖေးရှန် အန်ချင်သလိုဖြစ်ပြီး
ပါးစပ်ကိုလက်နဲ့ပိတ်ကာ မီးဖိုချောင်က ဘေစင်ကို
တဟုန်ထိုးပြေးသွားလိုက်သည် ။

အရက်ကြောင့် ရီဝေဝေဖြစ်နေတဲ့ မုယွင်လည်း ဖေးရှန်
ပြေးသွားတဲ့နောက်ကိုလိုက်ပြီး ခေါင်းကဘေစင်ထဲထိုး
ကျမတတ်အန်နေတဲ့ ကောင်လေးနောက်ကျောကိုသက်
သာလိုသက်သာညား ပွတ်ပေးလိုက်တယ်... ။

အစာမကြေတာလဲ မဟုတ်တာကြောင့် ဖေးရှန် အရေ
တွေသာအန်တာကြောင့် ညစာစောစောစားထားတာ
ကိုကျေးဇူးတင်လိုက်သည်။ ဒါမှမဟုတ် စားထားတာ
တွေသာပြန်ထွက်လို့ရင် မအီမသာဖြစ်မဲ့အပြင် ဗိုက်ကပါ
ုပြန်ဆာလာနိုင်သည် ။ ဖေးရှန် သူ့ကိုယ်သူကျေနပ်နေ
တုန်း အနောက်က ရီဝေဝေအသံကိုကြားရသည် ။

" ငယ် အဆင်ပြေလား?"

" အွန်း အဆင်ပြေပြီ "

ဖေးရှန်နောက်လှည်ကာဖြေတော့ မုယွင်ပြုံးသည်။
မုယွင်အပြုံးကြောင့် ဖေးရှန်ရင်ထဲ ပန်းတွေပွင့်သွားသလို
ခံစားလိုက်ရပြီး ပါးစပ်ကမထိန်းနိုင်ပဲ မေးလိုက်သည် ။

" ဘာလို့ အရက်သောက်လာတာလဲ စိတ်ညစ်စရာရှိ
လို့လား "
မုယွင် ခေါင်းခါမလို့ လုပ်ချင်ပေမဲ့ ခေါင်းငြိမ့်သာပြလိုက်
သည် ။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now