🌼🌼(၂၂)🌼🌼

1.5K 152 7
                                    


Z̸a̸w̸g̸y̸i̸

ဖေးရှန်ရဲ့ ကြောက်တယ်ဆိုတဲ့ စကားကြောင့် မုယွင်
အဖိုးခေါ်ခိုင်းလိုက်တဲ့ လူမလာခင်အထိ အတွေးထဲမှာ
နစ်မြောနေသည်။

အောက်ထပ်က သီးသန့်အခန်းထဲကိုဝင်လိုက်တော့
စားပွဲထိပ်မှာထိုင်နေတဲ့ အဖိုးကိုနှုတ်ဆက်ပြီး ထိုင်ခုံ
မှာဝင်ထိုင်လိုက်သည်။ ဘေးက မုယွမ်ကတစ်ခုခု
ပြောချင်နေပုံပေါက်ပေမဲ့ အဖိုးကစကားစလိုက်လို့
ပြန်တိတ်သွားသည်။

" ဟွမ်းရန် ဘဏ္ဍရေးပိုင်းမှာအခက်ခဲရှိတယ်လို့ကြား
တယ်"
ချင်ဟုန်ရန် ညာဖက်မှာ ထိုင်နေတဲ့ ချင်ဟွမ်းရန်ကိုမေး
လိုက်တော့

" ဟုတ် အဖေ အစက ဝန်ထမ်းလျော့ချဖို့ပါ ဒါပေမဲ့
တူလေးကြောင့် အဆင်ပြေသွားပါပြီ"

ချင်ဟွမ်းရန် မုယွင်ကိုအတောက်ပဆုံးပြုံးပြလိုက်သည်။
သူမ တစ်လလောက် ဘဏ္ဍရေးကိစ္စနဲ့ပြဿနာတက်လိုက်ပြီး ရာထူးပြုတ်လောက်တဲ့အထိဖြစ်ပေမဲ့ ချင်မုယွင်
က ဆက်သွယ်လာပြီး ဘဏ္ဍရေးကိုဖြည့်တင်းပေးခဲ့
သည်။ အကျိုးဆက်က ချင်လုပ်ငန်းစုမှာ မုယွင်ရဲ့
ရှယ်ရာတွေက ၂၀%ဖြစ်သွားခြင်းပင်။

ချင်ဟုန်ရန် မုယွင်ကိုတစ်ချက်ကြည့်ပြီး ဘာမှဆက်
မပြောပဲ တစ်ခြားသူတွေနဲ့သာ ချင်လုပ်ငန်းစု
ကြောင်းပြောနေသည်။ ချင်မုယွင်ပိုင်တဲ့ MK company က ချင်လုပ်ငန်းစုရဲ့လက်အောက်မှာလို့
ပြောပေမဲ့ အမှန်က ချင်လုပ်ငန်းစုနဲ့ဘာမှမသက်ဆိုင်
မုယွင်ကိုယ်တိုင် တည်ထောင်ထားတာဖြစ်ပြီး မလို
အပ်တာတွေမဖြစ်ရအောင် ချင်လုပ်ငန်းစုလက်အောက်
လို့ ပြောခြင်းပင်။ မုယွင်ရဲ့MK companyက
ချင်လုပ်ငန်းစုရဲ့လက်အောက်မဟုမှန်း ချင်မိသားစုဝင်ပဲ
သိကြသည်။

တစ်နှစ်တစ်ခါကျင်းပတဲ့ မိသားစုအစည်းဝေးမှာ ချင်လုပ်ငန်းစုကြောင်းပဲ ပြောနေကြတဲ့လူတွေထဲ မုယွင်နဲ့မုယွမ်
ကဘာစကားမှ ဝင်မပြောပဲ မျက်နှာသေနဲ့ထိုင်နေသည်။
ထိုချိန် လူတစ်ဦး အခန်းထဲကိုဝင်လာသည်။ အနောက်
တိုင်းဝတ်စုံကိုသပ်ရပ်စွာဝတ်ထားပြီး၄၈နှစ်အရွယ်
အမျိုးသားက သန်မာပြီး ကြည့်ကောင်းသောရုပ်ရည်
ရှိသည်၊

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now