🌼🌼(၁၄)🌼🌼

1.7K 182 4
                                    


ပတ်ဝန်းကျင်မှာရော အသိမိတ်ဆွေတွေကြားထဲမှာ ချင်
အိမ်တော်က ပထမသားချင်မုယွင်နဲ့လက်ထပ်ထားတဲ့
ဖေးရှန်ကို မုယွမ်ရောပိုင်ဆိုင်ကြောင်းကို မည်သူမျှမသိ။
ဆရာဝန်တောင် မုယွင်ရဲ့ကုမ္ပဏီမှ ငွေကြေးအမြောက်
အများထောက်ပံ့ထားလို့ ချင်အိမ်တော်ကသခင်မကြီး
မေးတောင် ဖြေမှာမဟု ။ သီးသန့်အခန်းထဲကို ဝင်သွား
ကြတဲ့ ဖေးရှန်တို့သုံးယောက်ကို ဆေးရုံဝန်ထမ်းတွေနဲ့
လူနာတွေက အငေးသား နောက်ကျောသာမြင်လိုက်ရတဲ့အရပ်ရှည်ရှည်လူနှစ်ဦးကြားထဲ သူတို့ရဲ့ရင်ဘက်သာသာ
ရှိတဲ့ကောင်လေးရှိနေတာက လှပတဲ့မြင်ကွင်းပင်။

မကြာပါ ထိုအခန်းထဲကို ဆေးရုံအုပ်ကိုယ်တိုင်ဝင်သွား
သည်။ ဒါကြောင့် အရေးကြီးပုဂ္ဂိုလ်ဆိုတာ ခန့်မှန်းမိကြ
ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြတော့သည်။

သီးသန့်ခန်းထဲတွင်
ဆရာဝန်က ပြုံးကာ နှုတ်ဆက်ပြီး ဖေးရှန်ရဲ့ဦးထုပ်ဆောင်းထားလို့ ပိနေတဲ့ဆံစလေးတွေကိုမပြီး ပတ်တီးဖြေပေးလိုက်သည်။ ရက်ပိုင်းအတွင်း ပေါက်နေတဲ့နေရာက
သွေးမထွက်တော့သလို ခြောက်နေပြီပင်။ လိုအပ်တဲ့
သန့်ရှင်းရေးလုပ်ပေးကာ

" mr.ချင်တို့ အကြောင်းကြားထားလို့အကုန်ပြင်ဆင်
ပြီးပါပြီ ခဏပဲ စောင့်ပေးပါ"
ထိုအချိန်မှာပဲ သူတို့ရဲ့သီးသန့်ခန်းထဲကို စက်ကိရိယာ
ပေါင်းစုံဝင်လာပြီး စတင်တပ်ဆင်ကြတော့သည်။

ဖေးရှန် ဘာမှမသိလို့ ကုတင်ပေါ်မှ လှဲနေရာက
ခေါင်းထောင်ကြည့်တော့ မုယွမ်က သူ့ဘေးရောက်
လာကာ

" ဖေး မကြောက်ပါနဲ့ ကိုယ်တို့ultrasoundရိုက်ကြည့်
ကြမယ်လေ အဲ့တာမှ ဖေး ပြောထားသလို ကလေး

လက်နှစ်ချောင်းထောင်ပြလာတဲ့ မုယွမ်မျက်နှာက ပြုံးစိစိ
ဒါကြောင့် ဖေးရှန် ခေါင်းမော့ပြီး ကိုက်ချလိုက်သည်။

.............

ကွန်ပျူတာ စခရင်ပေါ်မှာမြင်နေရတဲ့တလှုပ်လှုပ်အခဲလေး
နဲ့ နှလုံးခုန်သံတဒုတ်ဒုတ်ကိုပါကြားရလို့ မုယွင်လိုရုပ်တု
တောင် လှုပ်လှုပ်ရှားရှားဖြစ်ပြီး မျက်ဝန်းထဲမှာပျော်ရွှင်နူးညံမှုတွေပြည့်နေသည်။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now