🌼🌼(၇)🌼🌼🌼🌼

2.1K 188 4
                                    

ညနေစာ စားပြီး အတော်ကြာသည်ထိ ဖေးရှန် ဗိုက်အင့်
နေသည်။ ဖြစ်နိုင်တာ သူ့အကြိုက်ဆုံး ပုစွန်ချဉ်စပ်ကို
စာဖိုမှူးဝမ် လက်ရာကြောင့်ဖြစ်မယ်။ မုယွင်တို့နဲ့အတူ
နေစဉ် အတိတ်က အိမ်မှာစားတာထက် အပြင်မှာ အစား
များသည် ဘာလို့ဆို မုယွင်တို့နဲ့ မတွေ့ချင်လို့ပါပဲ
ဒုတိယနှစ် အထက်တန်းလောက်မှာပဲ ယုရှောင်ဖေးနဲ့
ခင်ပြီး သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကိုသိခဲ့လို့ တုန်လှုပ်
မိသည်။ ဒါပေမဲ့ သူမက သူ့ဘေးကနေပြီး ဖေးမကူညီပေး
ခဲ့လို့ ဖေးရှန် သူမကို အရမ်းအားကိုးခြင်းပင်။

အိပ်ခန်းဝရံတာဘက်ကိုထွက်ပြီး မှောင်မိုက်နေတဲ့ကောင်း
ကင်ကြီးကိုကြည့်ပြီး ဖေးရှန် အတွေးများနေသည်။
ရုတ်တရက် သူ့ဗိုက်က လှုပ်ရှားမှုတစ်ခုကို သတိထား
မိလိုက်လို့ ဖေးရှန်ဆွံအသွားသည်။ အတွေးတွေလည်း
ုပြတ်တောက်သွားပြီး သူ့ရဲ့ဗိုက်ချပ်ချပ်လေးကို ဖိကိုင်
လိုက်သည်။ သူ့ရဲ့ ဦးနှောက်ထဲကတော့ 'သူတို့ကငယ်
သေးတယ် ဒါမင်းထင်ယောင်ထင်မှားဖြစ်တာ' လို့ သိနေ
ပေမဲ့ ဖေးရှန်ကတော့ အတိတ်ကို တွန်းလှန်လာနိုင်ပြီ
ုဖြစ်သကဲ့ ပျော်ရွှင်လာသည်။

'ဟုတ်သားပဲ ပါးပါးမှာ မင်းတို့ရော ကိုကိုတို့နှစ်ယောက်ပါ
ရှိသေးတာကို
ဗိုက်လေးကို ဖွဖွလေးပွတ်ပြီး

' ငါ့ကိုယ်တိုင်ကိုရော မင်းတို့ကိုပါ ဘယ်သူမှ
ထိခိုက်အောင် မလုပ်နိုင်စေရဘူး'

" ဖေးရှန် ကလေးလေး "

"အာ ကိုကိုမုယွမ်"

ဖေးရှန်ကို မျက်လုံးထိရောက်တဲ့အပြုံးမျိုးမဟုစွာ ပြုံးပြလာပြီး

" အပြင်မှာ အေးတယ် နေ့တွင်းချင်း ဆေးရုံပြန်သွား
ချင်လို့လား"

" မဟုပါဘူး ဒီတိုင်း"
ဖေးရှန် မုယွမ်ကို စေ့စေ့မကြည့်ရဲပဲ ခေါင်းကိုငုံထားလိုက်
သည်။

မုယွမ် ဖေးရှန်ကို ကြည့်ပြီး သူ့ရင်ဘက်တွေအောင့်လာ
သည်။ သူရော မုယွင်ပါ ဖေးရှန်ကို အရမ်းချစ်သည်။
ချစ်လို့လဲ အခုလိုနောက်ပြန်ဆုတ်မရတော့တဲ့ အရာတွေ
ပြုလုပ်မိခြင်း ဒါတွေကပဲ သူတို့နဲ့ဖေးရှန်ကို ပိုအလှမ်း
ဝေးစေလား သူမသိတော့

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now