🌼🌼(၄၂)🌼🌼

808 93 3
                                    

[ zawgyi ]

ဒုက္ခအိုးလေး

ကျောင်း ပတ်ဝန်းကျင်တစ်လျောက်နဲ့ စာသင်ဆောင်တွေကိုကျောင်းအုပ်လက်ထောက်တစ်ယောက်က လိုက်ပြေ
ပးပြီး ရှင်းပြသည် ။ ကျောင်းတစ်ဝက်လောက်မှာ ဖေးရှန်
အတော်ပင် မောသွားသည် ။ နေမပူပေမဲ့ နဖူးမှာ ချွေး
တွေစို့လာပြီးပင်ပန်းသွားတာကြောင့် လက်ထောက်ကို
နှုတ်ဆက်ပြီး ကားဆီပြန်လာခဲ့ကြသည် ။

ဖေးရှန် အရှေ့က သူ့လက်ဆွဲသွားတဲ့ကျောပြင်ကိုကြည့်
ပြီး အတွေးများနေသည် ။ သူထင်ထားတာက D uni
ကိုတက်ခဲ့ရင် သူတစ်ယောက်တည်း အထီးကျန်မည်ဟု

ပြန်စဉ်းစားမိပြီး ဖေးရှန်အပျော်တွေစုသွားပြီး ပြုံးလိုက်မိ
သည် ။

ကားအတွင်းထဲရောက်တော့ မုယွမ်က တာဝါစိုတစ်ခုကို
ယူပြီး နဖူးနဲ့လည်ပင်းက ချွေးတွေကိုသုတ်ပေးလာ
သည် ။ ပြီးမှ တာဝါခြောက်တစ်ခုနဲ့ထပ်သုတ်ပေးလာ
သည် ။

" သက်သာသွားပြီလား ပင်ပန်းနေတုန်းလား? "

ဖေးရှန် ခေါင်းငြိမ့်ပြလိုက်သည် ပြီးမှ ခေါင်းပြန်ငြိမ့်ပြကာ

" ပင်ပန်းတယ်! "
မုယွမ် ပခုံးပေါ် ခေါင်းမှီလိုက်တော့ သူ့ခေါင်းထက်က
မုယွမ် ရယ်သံကိုကြားလိုက်ရသည်

" ကိုယ့်ကလေးလေးက ပင်ပန်းသွားပြီလား ကိုယ်က
အပြင်က စိတ်ဝင်စားစရာကိုလိုက်ပြမလို့ အခုတော့! "

လာပြန်ပြီ ဒီအကွက်ကြီး ဟွန့်

ဖေးရှန် အရူးထက်လုပ်မခံတော့

" တော်ပြီ အိမ်ပဲပြန်မယ် ဟွန့် လူကိုကလေးမှတ်နေ
တယ်!''

ဖေးရှန်ပြောလိုက်တဲ့ စကားက မုယွမ်ကို အတွေးပွားစေ
သည် ။ အမှန်ပင် ဖေးရှန်က အသက်ပြည့်တာမကြာ
သေးတဲ့ ကလေးပဲဖြစ်သည် ။ ဖေးရှန်က သူတို့ကိုယ်
ဝန်လွယ်ထားရလို့ စိတ်နုနယ်တွေချိန်မှာ သူတို့ကိုအား
ကိုးတာကို သူ(ဖေးရှန်)က အချစ်လို့ ထင်နေခဲ့တာဖြစ်
မည် ။

မုယွမ် စိတ်ထဲမွန်းကြပ်သွားသည် ။ ဒါ့ပေမဲ့ ပြဿနာကို
ဘယ်လိုဖြေရှင်းရမလဲ မုယွမ် မတွေးတတ် ။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now