🌼🌼(၁၁)🌼🌼

1.8K 180 6
                                    

Zawgyi

" ဖေးရှန် ကိုယ်ဘာပြောထားလဲ"
သူ့ရှေ့က ဒေါသတကြီးဖြစ်နေတဲ့ မုယွင်ကြောင့် ဖေးရှန်
ကိုယ်လေး တုန်လှုပ်နေသည်။

စကားပြန်မရတဲ့ မုယွင်ကတော့ ​ဒေါသတွေ လောင်စာဆီထည့်လိုက်သလို ပခုံးတွေလှုပ်သည်ထိ ကြောက်နေတဲ့
ကောင်လေးလက်နှစ်ဖက်ကို ကိုင်ကာ

" ပြောလေ မင်းကို ဘာပြောထားလဲလို့"

" ဟင့် ကိုကိုမုယွမ် "
မုယွမ်ကို အော်ခေါ်ပြီး မျက်ရည်တွေကျနေပေမဲ့ မုယွမ်က
တော့ မကြားသည်အလား ရှေ့ကိုတိုးမလာပဲ သူ့ကို
သာစိုက်ကြည့်ပြီး မုယွင်ရဲ့မေးခွန်းကို ဖြေစေချင်နေ
လေသည်။

ဖေးရှန် ခေါင်းကတဆစ်ဆစ်ကိုက်လာတောင် မမှုပဲခေါင်း
ကိုခါယမ်းပြီး

" ဖေး အိမ်ပြန်ချင်တယ် ဒီမှာမနေချင်ဘူး ဟင့်
အိမ်ကိုပြန်ရအောင်နော် အိမ်ကိုခေါ်သွားပေးပါ အင့်"

ဖေးရှန် စကားအဆုံး မုယွင်ရဲ့ရင်ခွင်ထဲကို ထည့်ခံ
လိုက်ရပြီး ကျောကိုပွတ်ပေးကာ နူးညံနေပေမဲ့ အက်ကွဲ​နေတဲ့ သံပါကြားရသည်။

" အင်း အိမ်ပြန်မယ်နော် အဲ့တာကြောင်လ မငိုနဲ့တော့"

" အွန်း ဟင့် "

" တိတ်တော့နော်"

" အခုပြန်ချင်တယ်"

" ကောင်းပြီ"
မုယွင် ဖေးရှန်ကိုယ်လေးကို ပွေ့ချီလိုက်ပြီး မုယွမ်ကိုလှည့်
ကြည့်ပြီး

"ကျန်တာတွေ မင်းပဲကြည့်ရှင်းခဲ့တော့ "

မုယွင်အနေအထားအရ ထိုဆရာဝန်ကိုကြောက်ဖို့မလိုပေ
မဲ့ လေးစားမှုကိုပြတဲ့အနေနဲ့ အခုလို အသိပေးဖို့မှာခဲ့ခြင်း
ပေ။

မုယွမ် လက်ခံတဲ့အနေနဲ့  ခေါင်းကိုငြိမ်ပြလိုက်ကာ
ထွက်သွားတဲ့ မုယွင်တို့နောက်လိုက်ပြီး ဆရာဝန်နားနေ
ခန်းဆီကို သွားလိုက်တယ်

" အော် မစ္စတာမု ဘာဖြစ်လို့ပါလဲ"

" ဆေးရုံဆင်းပြီလို့ လာပြောတာပါ"

" အယ် လူနာက အရမ်းအာနည်းနေတယ်နော်"
ဆရာဝန်စကားကြားတော့ မုယွမ်က ခေါင်းကိုငြမ့်ပြပြီး

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now