🌼🌼(၄၀)🌼🌼

1K 109 2
                                    


[ zawgyi ]

D uni

D uni က Fမြို့တော်ရဲ့အစွန်မှာရှိသည် ။ အပြည်ပြည်
ဆိုင်ရာလေဆိပ်မှာ ပြည်တွင်းပြည်ပလေကြောင်းများ
ခေါက်သွားခေါက်ပြန်လျက်ရှိသည် ။ ဖေးရှန်လေယျာဉ်
ပေါ်က ဆင်းပြီး မုယွမ်နဲ့ဝင်ပေါက်ကိုလျောက်သွားလိုက်
သည် ။ ဖေးရှန်ရဲ့ စာရေးကိရိယာတွေနဲ့အဝတ်စားအ
နည်းငယ်သာပါတဲ့ အိတ်ကိုမုယွမ်က သူရဲ့အိတ်နဲအတူ
သယ်ဆောင်လာပြီး တစ်ယောက်"ကို မက်ဆေ့ပို့နေသည် ။
မကြာပဲ အနက်ရောင်suiteအပြည့်ဝတ်ထားတဲ့လူတစ်ဦး
ရောက်လာပြီး ​ဖေးရှန်ကိုခေါင်းငြိမ့်ပြပြီး အနောက်ကမုယွမ်
လက်ထဲကအိတ်များကိုထိုလူလက်နှစ်ဖက်နဲ့သယ်သွား
ကာ အရှေ့ကဦးဆောင်ပြီး ကားရှိရာကိုလမ်းညွှန်ပြသည်။

D uniက ကျောင်းသားတိုင်းကိုကိုယ်ပိုင်အိပ်ဆောင်ပေး
ထားသည် ။ နှစ်စဉ်တက်ကြတဲ့အနုပညာသင်တန်းကျောင်းသားများအတွက်အကုန်အကျများသည် ။ကျောင်းကန်တင်းမှာလည်း အာဟာရပြည့်တဲ့အစားအသောက်များ
ကိုရွေးချယ်ကျွေးမွေးခြင်းက ကျောင်းသားများကိုဂရုစိုက်
ကြောင်းသိသာစေသည် ။ အကျယ်အဝန်းစတုရန်းမိုင်
အများကြီးကျယ်ဝန်းတဲ့ကျောင်း ပရုဝုဏ်ထဲမှာပဲ ကျောင်း
အဆောက်အအုံများကို ဆောက်လုပ်ထားပြီး ပန်းခြံ ၊ ရေ
ကူးကန် ၊ ဘောလုံးကွင်း ၊ စာကြည့်တိုက် ၊ နားနေဆော
င်အပါအဝင် အနုပညာကျောင်းသားများအတွက် လေ့ကျင့်ဖို့အတွက် ဟောခန်းအကျယ်ကြီးလည်း တည်ရှိသည် ။

D uni Homepageထဲက ဖော်ပြချက်တွေနဲ့ ကျောင်း
အဆောက်အဦးကျောင်းတွေက စိတ်ဝင်စားစရာကောင်း
လှသည် ။ page admin ကလည်း ကျောင်းသားသစ်
များကို လှိုက်လှဲစွာဖိတ်ခေါ်ထားတဲ့postများစွာလည်းရှိ
သလို မေးမြန်းစုံစမ်းချင်ခဲ့ရင် ဆက်သွယ်ရမဲ့လိပ်စာများ
နဲ့ ကိုယ်ပိုင်မက်ဆေ့boxမှလည်း ဝင်ရောက်မေးမြန်းနိုင်
ကြောင်း.ဖော်ပြထားသည် ။

ဖေးရှန် ဖုန်းကိုပိတ်လိုက်ပြီး သူ့ဘေးဘက်မှဖုန်းတစ်လုံး
နဲ့အလုပ်များနေတဲ့ မုယွမ်ကို အနောက်ယှက်မပေးတော့
ပဲ အပြင်ဘက်ကမြင်ကွင်းများကိုသာ ကြည့်နေလိုက်
သည် ။ B မြို့ရဲ့ရာသီဥတုနဲ့မတူပဲ Fမြို့ကပတ်ဝန်းကျင်
ကအေးသည် ။ သူတို့လက်ရှိသွားနေတဲ့နေရာက D uni
နဲ့အနည်းငယ်လှမ်းတဲ့ အသေးစားဗီလာများရှိရာ 'flural
department ' လို့ခေါ်တဲ့ ပတ်ဝန်းကျင်ဖြစ်သည် ။
ဒီပတ်ဝန်းကျင်က အထက်တန်းလူတွေနဲ့အလယ်လတ်တန်းစားလူတွေ အများဆုံးနေလေ့ရှိတဲ့နေရာဖြစ်သည် ။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now