Zawgyi
ဖေးရှန်နိုးလာတော့ လူနှစ်ယောက်ကြားညှပ်နေသည်။
မုယွင်ရင်ခွင်ထဲကသူ့ကို ထုံးစံအတိုင်း မုယွမ်ကနောက်
ကနေ ဖက်ထားသည်။ ထိုနှစ်ဦးကတော့ နိုးပုံမရသေး
မုယွင်ရဲ့မျက်နှာကို မော့ကြည့်နေတုန်း ပျို့တက်လာသည်" ဝေါ့ " ပါးစပ်ကိုလက်နဲ့ ချက်ချင်းပိတ်ကာ အိပ်ယာ
ပေါ်က ပြေးဆင်းပြီး ရေချိုးခန်းထဲဝုန်းဒိုင်းဝင်လိုက်သည်။သူ့အသံကြောင့်ထင်ပါတယ် မုယွင်ရော မုယွမ်ပါနိုးလာပြီး
ရေချိုးခန်းထဲဝင်လာပြီးသူကျောကို ပွတ်ပေးသည်။
မုယွမ်က ရေနွေးတစ်ခွက်ကိုယူလာပြီး အန်ပြီးတဲသူ့ကို
တိုက်ကာ ခေါင်းလေးကိုပွတ်ပေးပြီး" မအီမသာဖြစ်နေသေးလား"
ဖေးရှန် ဘာစကားမှမပြောနိုင်လို့ ခေါင်းပဲငြိမ့်ပြပြီး မုယွင်ကို မှီနေလိုက်တယ်။ ထိုအခါ မုယွင်က ဖေးရှန်ကိုယ်လေးကို ဘေစင်ပေါ်တင်ပေးပြီး မုယွမ်ကိုတစ်ချက်ကြည့်
လိုက်တော့ မုယွင်ဆိုလိုတာကိုနားလည်တဲ့ မုယွမ်က
မျက်နှာသစ်ပေး သွားတိုက်လုပ်ပေးသည်။ဖေးရှန် မျက်နှာသစ်ပြီးတော့ မုယွင်က အပြင်ကိုထွက်
သွားသည်။ ကျန်ခဲ့တဲ့ မုယွမ်ကပဲ ဖေးရှန်ကို အိမ်သာ
သုံးချင်သေးလား မေးတော့ ဖေးရှန်ရှက်ရှက်နဲ့ခေါင်းယမ်း
လိုက်သည်။တဖန်ထပ်အချီခံလိုက်ရပြီး မုယွမ်က သူ့ကိုအိပ်ယာပေါ်
ချပေးပြီး အဝတ်ဗီဒိုထဲက လက်ရှည်အကျီတစ်ထည်နဲ့
ဘောင်းဘီပွပွတစ်ထည်ကို ယူပြီး သူ့ကိုလှဲပေးတော့
သည်။ အကျီကိုခဏလေးနဲ့ပဲလှဲပေးပြီး သူ့ဘောင်းဘီ
ဆီ မုယွမ်ရောက်လာတော့ အတွင်းခံပင်ညအိပ်မဝတ်
တတ်လို့ ဖေးရှန်ရှက်နေပေမဲ့ မုယွမ်ကတော့ ဘာစိတ်မှ
မရှိတဲ့လူလို ဘောင်းဘီကို ဆွဲချွတ်ပြီး ဘောင်းဘီသစ်ကို
ဝတ်ပေးသည်။ဒါပေမဲ့ ဖေးရှန် စိတ်ထဲ အလိုမကျဖြစ်သွားလို့ နှုတ်ခမ်း
ဆူပြီး ဘောင်းဘီကြိုးချည်ပေးနေတဲ့မုယွမ်ကိုမျက်နှာလွဲ
ထားလိုက်သည်။'ဟွန့် ငါကသာရှက်နေရတာ ဟိုလူကြီးက ကြည့်တောင်
မကြည့်ဘူး'