🌼🌼(၃၁)🌼🌼

1.2K 121 8
                                    

𝐳𝐚𝐰𝐠𝐲𝐢

ချင်စံအိမ်တော်ကြီးဆီကို သွားနေတဲ့လမ်းမှာပဲ.. ဖေးရှန်
ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ..သူတို့သုံးဦးကြား
တိတ်ဆိတ်သွားတယ်..။ အချိန်တော်ကြာမှ ဘေးခုံပေါ်
က မုယွင်နားတိုးသွားပြီး ပေါင်ပေါ်တက်မယ်လုပ်တော့

" ကျစ်! ငြိမ်ငြိမ်ထိုင်နေ!!"

အလိုမကျစွာ မျက်မှောင်ကုပ်ပြီး ပြောလာတာကြောင့်
ဖေးရှန်လွန်စွာ ကြောက်လန့်သွားတယ်.... ။ မုယွင်
အခုလို စိတ်တိုင်းမကျစွာ အော်တော့ စိတ်ခံစားချက်
တွေက ဝမ်းနည်းတဲ့ဘက်ကူးပြောင်းပြီး ပိုလို့တောင်
ဆိုးရွားလာခဲ့သည်...။ သူဆုံးဖြတ်ချက်မှားပြီလားလို့
ကိုယ့်ကိုကိုတောင် ပြန်မေးဖို့ အားမရှိတော့ ။

တစ်ဖက်က ထောင့်ထိ ကပ်နိင်သလောက်ကပ်လိုက်ပြီး
ဒူးပေါ်လက်တင်ကာ မျက်ရည်များကျလာတယ်..။

မုယွင် အပြင်ဘက်မြင်ခွင်းကအကြည့်လွှဲလိုက်တော့ အခု
မြင်ကွင်းကြောင့် ရုတ်တရက်ပေါက်ကွဲသွားတဲ့သူ့စိတ်ကို
ထိန်းလိုက်ရသည် ။ ဘယ်လိုစိတ်နဲ့များ ဒီကလေးက
သူတို့နဲ့ဝေးရာ D uni ကိုသွားတက်ချင်လဲနားမလည်။
ဒါ့အပြင် အခုမှဒုတိယနှစ်တက်ရမဲ့ကလေးက ကျောင်း
ပြီးသည်ထိ D uniမှာပဲ တက်ချင်သတဲ့...။ ဒါကတော့
လုံးဝ သူတို့လစ်မစ်ကို ကျော်သွားသည်.... ။

သခင်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ကြောင်ပေါက်လေးလို
ထောင့်မှာကပ်ပြီး မျက်ရည်တွေတိတ်တဆိတ်ကျနေတာ
ကြောင့် သက်ပြင်းချကာ ဆွဲပွေ့လိုက်သည် ။

ပေါင်ပေါ်ရောက်လာပေမဲ့အောက်သာငုံပြီး တစ်စက်စက်
နဲ့မျက်ရည်တွေကျအောင် ဝမ်းနည်းနေတဲ့ကလေးလေး
ကို ပွေ့ဖက်ကာ

" ဖေးငယ် ကိုယ်တောင်းပန်ပါတယ် ကိုယ်မအော်လိုက်
သင့်ဘူး "
ပခုံးတွေလှုပ်တဲ့အထိ ဝမ်းနည်းစွာငို​နေတဲ့ကောင်လေး ရဲ့ ​ကျောကိုပါ ပုတ်ပေးလိုက်ပြီး ချော့မြူတော့

" အီးဟီးး ကိုကိုမုယွမ် ဖေး တောင်းပန်ပါတယ်.....
ဖေးကို မစွန့်ပစ်ပါနဲ့နော်... ဟင့် ဖေး.. "
ထင်ထားတာထက် ပိုဝမ်းနည်းနေတဲ့ ကောင်လေးကို
အနမ်းနဲ့နှုတ်ပိတ်လိုက်တယ် ....။ ဒီကောင်လေးရဲ့
သူ့ကိုစွန့်မပစ်ပါနဲ့လို့ ကြားရင် အရမ်းဝမ်းနည်းနေပြီဆိုတာ
မုယွင် နားလည်သည်...။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now