🌼🌼(၂၀)🌼🌼

1.5K 148 9
                                    



Z̸a̸w̸g̸y̸i̸

ထန်းရှင်းက ထန်းမိသားစုရဲ့ သခင်လေးဖြစ်ပြီး ဆိုးရွား
တဲ့ အတိတ်ရှိသည်။ အထက်တန်းတက်တုန်းက
ပွေရှုပ်တဲ့ကောင်လေးဟု နာမည်ကြီးပြီး အသက်မ
ပြည့်ခင်ပဲ သူချွေခဲ့တဲ့ ပန်းကလေးများစွာရှိသည်။
ကျောင်းပြီး စီးပွားရေးလောကကို ရောက်လာတော့လဲ
များပွေပြီး မာယာများတဲ့ ပင်လယ်ကြီးတစ်စင်းလို
ဖြစ်သွားသည်။ ထိုမာယာများတဲ့ပင်လယ်ထဲ နစ်မြုပ်
သွားတဲ့ လူတွေလည်း အများကြီးရှိသည်။

စီးပွားရေးလောကမှာ နာမည်ကြီး ထန်လုရဲ့သားဖြစ်
လို့ မည်သူမျှမကောင်းမပြောရဲ။ ထန်းမိသားစု
ကုမ္ပဏီခွဲကို ဦးဆောင်နေပြီး နှစ်ပိုင်းအတွင်းထန်းလုပ်ငန်းစုရဲ့ဆက်ခံသူဖြစ်လာမှာပင်။

ဖေးရှန်နဲ့လည်း ဆိုးရွားတဲ့အတိတ်ရှိခဲ့သည်။ ဆိုးရွားလှ
တဲ့ ရန်ဖြစ်မှုပါပဲ။ ဖေးရှန် အထက်တန်းနှစ်မှာပဲ
အထက်တန်းကျောင်းက ပန်းပွင့်လေးဖြစ်လာခဲ့သည်။
ဖေးရှန်ကိုယ်တိုင်လည်း နူးညံသိမ်မွေ့ပြီး ချဉ်းကပ်လွယ်
တဲ့ကောင်လေးတစ်ဦးဖြစ်ခဲ့သည်။ မိန်းကလေးများ
ကြားမှာ နာမည်ကြီးပြီး တစ်နေ့မှာ ဂျူနီယာကောင်မလေးတစ်ယောက်က သူ့ကို အပန်းရောင်စာအိတ်လာပေး
ချိန်မှာ နားမလည်တဲ့သူက ဘေးက သူငယ်ချင်းကို
မေးတော့ သူမ မျက်နှာကို ဖြတ်ရိုက်သလိုဖြစ်သွား
သည်။

ထိုကောင်မလေးရဲ့ နာမည်အစက ကျောင်းဖြစ်ပြီး
နောက်ဆုံးနာမည်ကို သူမမှတ်မိ။

သူမသိခဲ့တာ ထိုကောင်မလေးကပဲ သူနဲ့ထန်းရှင်းရဲ့
ရန်ပွဲအစပျိုးရာဖြစ်ခဲ့သည်။ ထိုကောင်မလေးက ထန်း
ရှင်းရဲ့အမျိုးဝေး ညီမလေးတစ်ယောက်ဖြစ်ပြီး ထန်ရှင်း
နဲ့ အနည်းငယ်ရင်းနှီးသည်။ ထို့ကြောင့်ပဲ ထန်ရှင်းက
ညီမလေးအတွက် ဖေးရှန်ကို သင်ခန်းစာပေးချင်ခဲ့
သည်။

ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ဖေးရှန် မိဘနှစ်ပါးဆုံးပါးမှူ
ကြောင့် ဖေးရှန်တစ်လလောက်ကျောင်းနားလိုက်ရပြီး
ပြန်တက်တော့ သူ့အမူအယာက ပြောင်းလဲသွားခဲ့
သည်။ အတန်းထဲက လူတွေက ပြောင်းလဲသွားတဲ့
သူ့ကို မိဘတွေဆုံးရှုံးမှုလို့ မထင်ခဲ့ကြပဲ သူ့ကိုသိုးရေ
ခြုံတဲ့မြေခွေးလို ဆက်ဆံခဲ့ကြသည်။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now