(Zawgyi+ Unicode)
အမှောင်ထဲမှာ ရောက်နေတယ်ဆိုတာကို သိလိုက်ရလို့ လီဖေးရှန် ကြောက်တရားတွေအဆမတန်တိုးလာခဲ့
သည်။သူအနာဂတ်ပန်းတိုင်အတွက် စွန့်လွှတ်ခဲ့ရတဲ့သူနှစ်
ယောက် ပြီးတော့ သူ့ကိုနင်းချပြီးအထက်ကိုတက်
သွားတဲ့သူ.သူတဂယ်နောင်တရပါသည်။ နောင်တဆိုတာ သေမှ
ရသလိုပေါ့ သူ့ရင်ထဲမှာလည်း တစ်ခါမှမခံစားဖူးပဲ
မုန်းတယ်လို့ ထင်ရတဲ့လူနှစ်ယောက်အပေါ်ကို
အမှားတွေ လုပ်ခဲ့မိသည်။သူတဂယ်ကို အမှားတွေလုပ်မိခဲ့ပါလား
မှိန်ပြပြအလင်းရောင်ရှိတဲ့နေရာကို စိမ်းတဝါးဝါး
သွားနေရင်း စူးရှတဲ့အလင်းရောင်ဖုံးလွမ်းသွားလို့
မျက်လုံးကို ပိတ်ထားရသည်။မျက်လုံးပြန်ဖွင့်လိုက်တော့ ကြိုဆိုနေတာက မျက်နှာ
ကြပ်အဖြူ လက်မှ အေးစက်စက် အထိအတွေ့
သူ့ဆီကိုလွှင့်စင်လာတဲ့ ဆေးနံတွေကြောင့်
ဖေးရှန် ခဏလောက် အသက်ရှုကြပ်သွားသည်။ထိုအချိန်မှာပဲ သူ့ကြားလိုက်ရတဲ့ ဖိနပ်သံ
ဖိနပ်သံက တစ်ယောက်ထဲ မဟုပဲ နှစ်ယောက်ဖြစ်ပုံ
ပြီးတော့ တံခါးက ပွင့်လာပြီး ဝင်လာသူနှစ်ဦးရဲ့
မျက်နှာကို မြင်လိုက်ရသည်။ကိုကိုမုယွင် နဲ့ ကိုကိုမုယွမ်
လီဖေးရှန် သူ့ကုတင်ဘေးကို လာရပ်သူနှစ်ဦးကို
မျက်တောင်မခပ် စိုက်ကြည့်နေမိသည်။ထိုနှစ်ဦးကလည်း ထိုအတိုင်းပင်။
လီဖေးရှန် ရုတ်တရက် စဉ်းစားမိသွားသည်။
ဒါ ဒါ ငါ နှစ်လ သတိမေ့ပြီး ဆေးရုံတက်နေရတုံးကပဲ
ပြီး ပြီးတော့ဖေးရှန် လက်က သူ့ရဲ့ဗိုက်သားချက်ချက်လေးပေါ်
ကျရောက်သွားသည်။ ဒါဆို ချင်ရှောင်ဟူ ချင်ရှောင်ပိုင်ရှောင်ဟူ ရှောင်ပိုင်
တိတ်ဆိတ်နေတဲ့ သူတို့သုံးယောက်ကြား ဆရာဝန်က
ဝင်ရောက်လိုက်သည်။ ဆရာဝန်က ချင်မုယွင်ကို
ကြည့်ပြီး" လူနာ သတိရလာပြီပဲ ဂုဏ်ယူပါ မစ္စတာချင်
မစ္စတာချင် ခင်ပွန်းရော ကလေးပါ အဆင်ပြေပါတယ်"