🌼🌼(၃၉) 🛬🛬

1K 109 4
                                    

[ zawgyi ]

လူတွေပျားပန်းခတ် သွားလာနေတဲ့ လေဆိပ်မှာ ဖေးရှန်
ရဲ့မျက်နှာက မဲ့နေသည် ။ ဘေးကဖြတ်သွားသူတွေက
လည်း ဟူဒီအညိုနဲ့ကောင်လေးကို ကြည့်ကြည့်သွားကြ
သည် ။ ဖေးရှန်အဖြစ်က လေယျာဉ်ထိုင်စောင့်ရတာတောင် အောက်မှာ အမွေးပွကူရှင်အသေးလေးကို ခုထိုင်ထား
ရသည် ။ ဘေးက နှစ်ယောက်ကိုလည်းမျက်စောင်းထိုး
ဖို့ မမေ့ ။

" ငယ် မုယွမ်စကားနားထောင်နော် ကိုယ်က ပိတ်ရက်
မှပဲ လာဖြစ်မှာ အဲ့တာကြောင့် ကိုယ်စိတ်ပူရအောင်
မနေနဲ့နော် ပြီးတော့ ငယ်လည်းရှုပ်ရှုပ်ရှက်ရှက်မနေနဲ့
အိုခေ "

" ဟွန့် "

" လိမ်မာပါတယ်ကွာနော် ကဲ လေယျာဉ်တက်ရတော့
မယ် ထတော့ "
စိတ်ကောက်နေမှန်း သိပေမဲ့ မုယွင်မမှာပဲ မနေနိုင် ။
D uniက Bမြို့နဲ့သိပ်မဝေးပေမဲ့ လေယျာဉ်၃နာရီစီးမှ
ရောက်သည် ။

" ဖေးငယ်ကို စိတ်ချပါ ပိတ်ရက်မှတွေ့မယ် "
မုယွမ်အပြောကို ခေါင်းငြိမ့်ပြလိုက်ပြီး နှစ်ဦးသားဖက်ပြီး
နှုတ်ဆက်လိုက်ကြသည် ။ ဖေးရှန်ကိုလည်း ဖက်ပြီး
နှုတ်ဆက်အနမ်းပေးလိုက်သည် ။ D uniကိုလိုက်သွား
ပြီး ကုမ္ပဏီကိစ္စတွေကိုညွှန်ကြားလို့ရပေမဲ့ မကြာခင်သွား
ရတော့မဲ့ ခရီးအတွက်ပြင်ဆင်စရာလည်းရှိတာကြောင့်
မုယွင် လက်လျော့လိုက်ပြီး လှည့်ကြည့်နေကြတဲ့နှစ်
ယောက်ကို လက်ယမ်းပြပြီး နှုတ်ဆက်လိုက်သည် ။

လေယျာဉ်ပေါ်က ပြတင်းပေါက်ခုံမှာထိုင်ပြီး ဖေးရှန်အိပ်
ငိုက်ချင်သလိုဖြစ်နေသည် ။ ထိုင်ခုံကိုမှီထိုင်လိုက်ပြီး ဖုန်း
မပိတ်ခင် မုယွင်ကို မက်ဆေ့ပို့ထားပြီး ဘေးမှာပဲထား
လိုက်တော့သည် ။

" ငယ်လေး အိပ်ချင်နေတာလား "
မုယွမ်က ခေါင်းကိုဖွရင်းမေးလာတော့ ဖေးရှန်တစ်ချက်
သမ်းလိုက်သည် ။ မျက်လုံးတွေလည်း စဉ်းလာပြီး အိပ်
ပျော်ဖို့ နည်းနည်းသာလိုတော့မှ

" အွန်း အိပ်ချင်တယ် "

" အိုခေ ခဏစောင့် "
ဖေးရှန် နှဖူးကိုတစ်ချက်နမ်းပြီးလေယျာဉ်မယ်တစ်ယောက်ကို အိပ်ယာပြောင်းခိုင်းလိုက်သည် ။ သူတို့ထိုင်နေတဲ့
နှစ်ယောက်ခုံက လူနှစ်ယောက်အိပ်လို့ရသည်ထိ ကျယ်
ပြန့်တဲ့အိပ်ယာပြောင်းသွားတော့ ဖေးရှန်အံသြသွားပြီး
အိပ်ဖို့ အသင့်ဖြစ်လာသည် ။

Let me tell you-that I Love the Both Of You(Rebirth)Where stories live. Discover now