Unicode ver....
(မူးယစ်ဆေးဝါးလို လူသားလေး)
တစ်ချိန်တုန်းက ထိုက်ရန် အင်ပါယာကြီးဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီး အစာအာဟာရလည်း ပြည့်စုံတဲ့ နိုင်ငံတစ်ခုဖြစ်သည်။ နန်းတွင်းသဘာဝအတိုင်း
ပဠိပက္ခတစ်ခုမှာ နန်းတွင်းစိတ်ဝမ်းကွဲတစ်ခုဖြစ်လာလေသည်။ အရာရာမှာ ထူးချွန်လွန်းတဲ့ အင်ပါယာရဲ့ ရာဇာဘုရင်ကြီး ထိုက်ရန် လုံဝမ် နဲ့ ကိစ္စအဝဝမှာ ထက်မြက်လှတဲ့ စစ်သူကြီး ယွဲ့လျန့် လူဖိုင် ငယ်သူငယ်ချင်းနှစ်ယောက်ဟာ ထိုပဠိပက္ခမှာပဲ
ရန်သူအဖြစ်ပြောင်းလဲသွားကြလေသည်။နှစ်ယောက္သားက စစ်အင်အား ညီမျှလောက်အောင် ရှိနေတာကြောင့် နန်းတွင်းမတည်မငြိမ်မှုတွေ ဖြစ်လာလေသည်။
နန်းတွင်းလုပ်ကြံမှုတစ်ခုဟာ ထိုက်ရန်အင်ပါယာ လက်အောက်ခံ ကိုးနိုင်ငံလုံးက ထိုက်ရန်ဘုရင်မင်းမြတ်ကို ပါဝင်ကူညီခြင်းမရှိ ငြိမ်သက်နေကြလေသည်။
ထိုက်ရန်မင်းကြီးက နန်းရင်ပြင်မှာ
တိုက်ခိုက်ရင်းနဲ့ အရေးနိမ့်သွားလို့
ယွဲ့လျန့်စစ်သူကြီးရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရလေသည်။ထိုက်ရန်အိမ်ရှေ့စံရဲ့ အိပ်ဆောင်ဟာ မီးလောင်ခံရတာကြောင့် ပြာကျသွားရလေသည်။
မနက်အာရုဏ်ဦးတက်ချိန်မှာ ထိုက်ရန်
လုံဝမ်မင်းကြီးရဲ့ ခန္ဓာဟာ လူပုံအလယ်မှာ အချီခံလို့ နှလုံးသားတည့်တည့်မှာ မြားတစ်စင်းအစိုက်ခံထားရလေသည်။ သက်တော်ကုန်ဆုံးသွားပြီဖြစ်တဲ့ ထိုက်ရန်မင်းကြီးက
ခေါင်းမှာလည်း အိတ်တစ်လုံးနဲ့ အုပ်ခြင်းခံထားရသည်။ထိုလုပ်ကြံမှုမှာ အားလုံးရဲ့အမြင်က ထိုက်ရန်မင်းဆက်ကြီးရဲ့ ဇာတ်သိမ်းခန်းပါလို့ထင်ခဲ့ပေမဲ့ အကွယ်တစ်နေရာမှာ ဆယ့်နှစ်နှစ်သားခလေးတစ်ယောက်ရဲ့ ပါးစပ်ကို အမျိုးသမီးတစ်ဦးက လက်တစ်ဖက်နဲ့ အတင်းဖိအုပ်ထားပြီး ကျန်သူမလက်တစ်ဖက်က ထိုကလေးရဲ့ကိုယ္လေးကို ဖမ်းချုပ်ပြီး တင်းတင်းဖက်ထားတာကို မြင်ရင်တော့ အခုမှစမယ်မှန်း သိနိုင်မည်ဖြစ်သည်။
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.