ဝမ်က တကယ် ဘယ်သူလဲ

2K 256 85
                                    

Unicode ver....

28.ဝမ်က တကယ်ပဲ ဘယ်သူလဲ

"အိ!"

ဥယာဥ်ထဲ လျှောက်ပြေးနေတုန်း မတော်တဆ ချော်လဲသွားတဲ့ ပါးဖောင်းလေးက အိခနဲ အသံလေးထွက်လာလေသည်။

ခလေးအသံကြားတော့ အရှေ့ကနေ ပြေးနေတဲ့ အိမ်ရှေ့စံလေးက ကြားသွားတော့
စိုးရိမ်တကြီးနဲ့ လှည့်လာပြီး~~~~

"ပါးဖောင်းလေး နာသွားသေးလား ခလေး"

"အင့် နာသွားပြီ ဟင့်!"

အိမ်ရှေ့စံလေးက ထိုင်ချရင်း သူ့ခလေးရဲ့ ပွန်းသွားတဲ့ ဒူးခေါင်းသေးသေးလေးကို ခပ်ဖွဖွ ထိတွေ့ရင်း ဆိုလာတော့ ပါးဖောင်းလေးက မျက်ရည် ဗူးသီးလုံးလောက် အလိမ့်လိမ့်ကျလာပြီး သူနာကျင်ကြောင်း သူ့ရဲ့ ကိုကို ကို အားကိုးတကြီးနဲ့ ပြောရှာလေသည်။

"လာ တက် ကိုကို ကုန်းပိုးသွားမယ် ဆေးသွားထည့်ရအောင်နော် မငိုနဲ့ မငိုနဲ့ ခလေးလေးက လိမ္မာတယ်"

"အိ ဟင့်"

မျက်ရည်ပေါက်ကြီးငယ် ကျနေတဲ့ ခလေးငယ်ရဲ့ မျက်နှာနုနုဖောင်းဖောင်းလေးကို ကိုကိုအိမ်ရှေ့စံက သူ့ရဲ့ လက်ဖဝါးလေးတွေနဲ့ မျက်ရည်စက်ကို ဖယ်ရှားပေးလေသည်။

မငိုဖို့ ပြောတော့ ပိုငိုဖို့ ပြောလိုက်သည့်အလား ခလေးငယ်ရဲ့ မျက်ရည်စက်ကလေးက ပိုတိုးလို့သာ ထွက်လာပြန်သည်။

"အို ခလေးရယ် မငိုဘူးလေနော် ကိုကို့အချစ်ကလေးက လိမ္မာပါတယ်ကွာ"

ပါးဖောင်းလေးကို ချော့မြူလို့ ကျောပေါ်တင်ပြီး နန်းဆောင်တော်ဆီထိ ကုန်းပိုးလာတဲ့ အိမ်ရှေ့စံဟာ သူ့ရဲ့ ပါးဖောင်းလေး နောက် ဘယ်တော့မှ အထိအခိုက် မဖြစ်ဖို့ကိုလည်း တတွတ်တွတ်နဲ့ ပါးဖောင်းလေးကို မှာနေပြန်သည်။

သူ့စကားကို ခေါင်းငုံ့နာခံလွန်းတဲ့ ပါးဖောင်းလေးကတော့ သူ့ကျောပေါ်မှာနေပြီး ပါးဖောင်းလေးကို သူ့ရဲ့ ပုခုံးမှာအပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားပြီဖြစ်လေသည်။

တကယ်စင်စစ်မှာတော့ သခင်ငယ်လေး ယွဲ့လျန့်ဝမ်ရိပေါ် လို့နာမည်တွင်တဲ့ အိမ်ရှေ့စံလေးရဲ့ ပါးဖောင်းလေး သို့မဟုတ် ဇီးသီးလေးဟာ အိမ်ရှေ့စံရဲ့ အသဲအသက် ပူတူးအူကြူးလေးဖြစ်သည်။

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Where stories live. Discover now