Unicode ver....
47. သူက ထာဝရ ငါ့အပိုင်ပဲ
ထိုက်ရန် ယွဲ့လျန့်ရဲ့ ဝေယျာဝိဇ္ဇကို လုပ်ဆောင်လို့ ပြီးသွားတာနဲ့ နန်းတွင်း စာသင်ဆောင်တစ်ခုမှာ ညီလာခံ ခေါ်လိုက်လေသည်။
လိုအပ်တာ စီစဥ်ပြီးနောက်မှာတော့~~~
"ညီလာခံ သိမ်းတယ်။ အိမ်ရှေ့စံ ကိုယ်တော့်နောက်လိုက်ခဲ့ပါ"
"အမိန့်တော်အတိုင်းပါ ဘုရား"
~
~
~ထိုက်ရန်အခန်းထဲ ရောက်ရောက်ချင်းမှာပဲ သူပထမဆုံး လုပ်မိတဲ့ အရာကတော့ သူ့ရဲ့ ဝမ်ရဲ့ အခြေအနေကို စစ်ဆေးကြည့်တာပင်ဖြစ်သည်။
ဧကရာဇ် မင်းမြတ်ကိုယ်တိုင် ပြန်ရောက်လာပြီ ဖြစ်တာကြောင့် ဂျင်ရိ ဖန်ရှင်းနဲ့ အန်ချင်းမယ်မယ်တို့က အလိုက်တသိပဲ ဧကရာဇ်ကို ဂါရဝ ပြုလို့ ရှောင်ထွက်ပေးသွားကြလေသည်။
ခုချိန်မှာ အသိစိတ်ရှိတာဆိုလို့ ထိုက်ရန်နဲ့ ထျန့်ခွမ်းနှစ်ယောက်သာ ရှိသည်။
"သူသေချာပေါက် နိုးထလာမှာပါ"
အခန်းထဲရောက်တာနဲ့ အဖေဖြစ်သူနား အပြေးကလေးကပ်လို့ ငြိမ်သက်နေတဲ့ ထျန့်္ခွမ်းက သူ့ပါပါးရဲ့ လက်ကို အသာဆုပ်ကိုင်ပြီး မျက်ရည်ကျနေတာကြောင့် ထိုက်ရန် ထိုသို့ ပြောပေးခြင်းပင် ဖြစ်သည်။
"ဘာဖြစ်လို့ သားရဲ့ ပါပါးက ဒီလေါက် ကံဆိုးနေရတာလဲဟင်"
"ခမည်းတော်လည်း မသိတော့ပါဘူး။ ဖြစ်နိုင်ရင် မင်းပါပါးအစား ခမည်းတော်သာ ဖြစ်လိုက်ချင်ပါတယ်။ ကံကြမ္မာဇာတ်ဆရာကိုက အကောင်းကြိုက်လွန်းနေတာရယ်ပါ သားတော်ရယ်။ "
ထိုက်ရန် သားအဖတို့က မွန်းကြပ်စွာ မျက်ရည်ကျနေခဲ့ပေမဲ့ ကုတင်ပေါ်က လူသားလေးကတော့ အပူအပင္ကင္းစွာ
အိပ်ပျော်နေခဲ့လေသည်။"ဝမ်က ဘယ်လိုရောက်လာတာလဲ ဘယ်လိုတွေ ဖြစ်ခဲ့တာလဲ ဆိုတာ ခမည်းတော်ကို အကုန်ပြောပြပါ။
"ဟုတ် ခမည်းတော် တကယ္တော့လေ ဖွားဖွားက သေသွားတာ ကြာပြီတဲ့"
"ဘယ်လို"
"ဟုတ် တကယ်တော့လေ~~~"
ထိုက်ရန် နယ်စပ်ဆီ ခရီးထွက်သွားတာနဲ့ မိုဟွာက သူ့ရဲ့ အစီအရင်ကို စတင် လုပ်ဆောင်လိုက်တော့သည်။
ESTÁS LEYENDO
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanficရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.