အပြုံးမမည်သော အပြုံးတစ္ပွင့်

2.6K 275 14
                                    

Unicode ver....

3.(အပြုံးမမည်သော အပြုံးတစ်ပွင့်)

မရောက်တာ ကြာနေပြီဖြစ်တဲ့ ထိုနန်းတော်ကို ခြေချမိတဲ့ခါ နှလုံးသားက ထူး၍ စူးနစ်လာပါတော့တယ်။

ခမည်းတော် သားပြန်လာပြီ။

ထိုစကားစုတို့ကို ရင်တွင်းမှာ ပြောတာမှန်နေပါရက် သူ့ရဲ့ဒဏ်ကတော့ ရှောင်းကျန့်ရဲ့ မျက်ရည်ကြည်တစ်စက်ကို ခြွေနိုင်စွမ်းရှိပါသည်။

သူ့ထက်အရင် ရှေ့ကို ဦးဆောင်သွားပြီဖြစ်တဲ့ ကျောပြင်ငယ္လေးကို ငေးကြည့်ရင်း လက်စားချေလိုစိတ်တို့က တစ်ဟုန်ထိုးနဲ့ ရင်ထဲကနေ ဆောင့်တက်လာလေသည်။ သူ့ရဲ့ လက်တီးကလည်း တစ်ဆက်တည်း ဆုပ်မိလျက်သား။

ယွဲ့လျန့်! တစ်နေ့ကျရင် မင်းကို ငါ့ရဲ့ ခြေဖဝါးအောက်မှာ ထားပြမယ်!။

ကိုယ္ရံတော်အသစ်ရဲ့ ရင်တွင်းစကားကို မသိရှာတဲ့ ဧကရာဇ်ငယ်ကတော့ တည်တည်ငြိမ်ငြိမ္လေးသာ လျှောက်လှမ်းနေလေသည်။

~~~~

ကံကြမ္မာက သတ်မှတ်ထားပြီးသားပေမို့လား လူတွေ မထင်မှတ်ထားတဲ့အရာကို သူက အမြဲရွေးချယ်ဖြစ်တတ်သည်။

~~~~

ရိပေါ်ရဲ့ ကိုယ္ရံတော် လုပ်နေတာ တစ်ပတ်ပင် ရှိနေပြီ ဖြစ်ပေမဲ့ ငြိမ်သက်လွန်းနေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရဲ့ လှုပ်ရှားမှုဟာလည်း ထင်သလောက် မတွင်နိုင်။

ထိုက်ရန်အရှင်က  ထူးချွန်တယ်မှန်ရင် ယွဲ့လျန့်အရှင်က စေ့စပ်သေချာသူဖြစ်ပေလိမ့်မည်။

သူ့ရဲ့ အားနည်းချက်ကို မဆိုထားနှင့် အလုပ်ရဲ့ ဟာကွက်ကိုတောင်  ရှာမရတာကြောင့် ထိုက်ရန်အရှင် အခက်မတွေ့ပါဘူးလို့ ပြောရင် လိမ်ရာကျလိမ့်မည်။

ဘယ်လောက်ပဲ တော်စေအုံးတော့ တစ်နေ့တော့ မင်းငါ့ခြေဖဝါးအောက်ပဲ ရောက်နေစေရမယ်။

ရင်ထဲမှာသာ အခါခါကြုံးဝါးလို့ ထိုက်ရန်အရှင် ဟန်ဆောင်ကောင်းစွာနဲ့ပဲ ယွဲ့လျန့်အရှင်နား အမှုထမ်းဆောင်နေလေသည်။

"ဧကရာဇ် ခဏအနားယူပါအုံးလား ဧကရာဇ်ပင်ပန်းနေပါပြီ"

အစီရင်ခံစာတွေအထပ်လိုက်ကို ဘေးမှာချလို့ စာကြည့်စားပွဲပေါ်လက်ထောက်ပြီး မျက်လုံးစပ်ကြားကနေရာလေးကို လက်ညိုးနဲ့ လက်မအသုံးပြုပြီး ဖိညစ်နေတဲ့ ရိပေါ်နားကို ရှောင်းကျန့်တိုး၍ စကားဆိုမိလေသည်။

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Where stories live. Discover now