Unicode ver.....
44.သူဟာ လွှတ်လပ်သွားပြီ
" ဆွေးနွေးစရာရှိတယ်ဆို ဒီလိုပဲ ငြိမ်နေတော့မှာလား"
မပင်ပန်းဘူးလား မေးမိခါမှ ဆရာတော်လေးကို ဆွေးနွေးချင်စရာရှိတယ် ဆိုတာကြောင့် နှစ်ယောက်တည်း မျက်နှာချင်းဆိုင် လာခဲ့ပေမဲ့ မေးမြန်းမလာတဲ့ ထိုလူသားကြောင့် ဆရာတော်လေးက သက်ပြင်းကို အသာချလို့ အမေးစကား စပေးလိုက်ရလေသည်။
"ဆရာတော်က တကယ်ပဲ ကျွန်တော်နဲ့ မသိခဲ့ဖူးဘူးလားဟင်"
"~~~~"
ဆရာတော်လေးက နှုတ်ဆိတ်ပြန်သည္။ ထိုက်ရန်အရှင်က အသာပြုံးသည်။ မညာလိုတဲ့ ဆရာတော်လေးက လက်ခံလိုစိတ်လည်း ရှိမနေခဲ့ဟန်။ သူဒီလိုပြောင်းလဲသွားအောင်လဲ ကိုယ်တိုင်ပဲ လုပ်ဆောင် ခဲ့မိတာမို့ သူ့မှာ အပြစ်တင်လိုခြင်းတွေ တစ်စက်ကလေးမှ ရှိမနေခဲ့ပါ။
"ကျွန်တော် ဘယ်လိုလုပ်မှ ဆရာတော့်ကို ကျွန်တော့်နား ပြန်ထားနိုင်မှာလဲဟင် ကျေးဇူးပြုပြီး လမ်းပြပေးပါလား"
ပေါင်ပေါ်တင်ထားတဲ့ ဆရာတော်လေးရဲ့ လက်ချောင်းသွယ်သွယ်လေးက လက်တီးဆုပ်အဖြစ် ပြောင်းလဲ သွားရလေသည်။
"မပင်ပန်းဘူးလား"
"ပင်ပန်းပါတယ်"
ဆရာတော်လေးက ရိုးရိုးလေးမေးတော့ ထိုက်ရန်အရှင်က အေးအေးလေးနဲ့ ပြန်ဖြေလေသည်။ မျက်ဝန်းနက်မှာ မျက်ရည်တွေစို့နေတာတော့ ချို့ယွင်းချက်ပေါ့။
"ကိုယ္တော်လည်း ပင်ပန်းတယ်"
"~~~~"
"ဒါပေမဲ့ ကိုယ်တော် ရပ်နေတာ ကြာပါပြီ ဧကရာဇ်ကကော ဘာဖြစ်လို့ ခုချိန်ထိ မရပ်သေးတာလဲ"
"ကျွန်တော် ရပ်လို့ မရဘူး ဆရာတော်မှ မရှိရင် သေရပါတော့မယ်"
ဆရာတော်လေးက တည်ငြိမ်နေသလောက် ထိုက်ရန်အရှင်က ငိုယိုနေခဲ့လေသည်။
ရာဇအိန္ဒြလေကိုတောင် ထည့်မတွေးနိုင်စွာ သူဟာ ပြိုလှဲခဲ့ပါသည်။
"ကိုယ္တော် မရှိတာနဲ့ မသေနိုင်ပါဘူး ဧကရာဇ် ဧကရာဇ် အမှန်တရားကို လက်ခံလိုက်ပါ။ စိတ်ကို ငြိမ်အောင်ထားပြီး ဧကရာဇ်ရဲ့ ပြည်သူတွေကိုတာ ဂရုစိုက်လိုက်ပါ။"
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.