Unicode ver...
29.သူ့ကို အရမ်းချစ်တာပဲလား
"မင်းသိလား ငါဘာတွေ ကြုံနေရလဲ ဆိုတာ"
"~~~~"
"ငါလေ မယ်မယ်ကြီးကို အရမ်းမုန်းမိနေပြီ သိလား"
"~~~~~"
"မင်းဒါကို သိတာတောင် ထပြီး ငါ့ကို အပြစ်မပေးသေးဘူးလား ကိုကိုရဲ့!"
ယွဲ့လျန့် ထိုက်ရန်နန်းဆောင်ထဲ ရောက်ကတည်းက ငိုယိုနေတာ ခုထိ မတိတ်နိုင်သေးပေ။ မကျေနပ်ချက်တွေကိုသာ စာစီလို့ ဒီလူသားကိုသာ သူအသည်းအသန် ပြောပြချင်နေမိလေသည်။
"မင်းသိလား သူငါ့ကို မောင်းထုတ်နေတာ သူဘယ်လိုပြောလဲ မင်းသိချင်လား~~~~"
Flash back start;
ယွဲ့လျန့် ရေချိုးအဝတ်လှဲပြီးစီးလို့ ထိုက်ရန်ဆီ လာတော့ နန်းဆောင် ရှေ့မှာတင် စစ်သည်အင်အားနဲ့ သူ့ကို ကာဆီးထားတဲ့ မယ်တော်ကြောင့် ယွဲ့လျန့် ခြေလှမ်းတို့ ရပ်တန့်သွားလေသည်။
"မင်း ခုထိ ငါ့သားရှေ့ ပေါ်လာရဲ သေးသလား! အသားမနာချင်ရင် ကိုယ့်ဘာသာကိုယ် နေ! ငါ့သားနား ထပ်လာမကပ်နေနဲ့!"
မယ်တော်ကြီးစကားကြောင့် ယွဲ့လျန့်က သဘောတကျပြုံးသည်။
"မင်းဘာပြုံးတာလဲ!"
"ဟဟ ဟား"
ယွဲ့လျန့် သူမအမေးကို ချက်ချင်း မဖြေနိုင်စွာ ရယ်သာရယ်နေတာကြောင့် သူမ ဆွေ့ဆွေ့ခုန်တော့မတတ်ဖြစ်လာလေသည်။
"ယွဲ့လျန့်အရှင် ခုချိန်မှာ ~~~"
"မင်းက ငါနဲ့ပြောဖို့ ထိုက်တန်လို့လား"
ခက်ထန်မှုမရှိပေမဲ့ ခနဲ့သံတို့ ရောနက်နေသည်။
ထို့ကြောင့် သူတို့ကြား မင်းသမီးဇာတ်ဖမ်းဖို့ လုပ်နေတဲ့ ဒုတိယမိဖုရား လီရင်းသကြွင်းက ခေါင်းငုံ့လို့ အသံတိတ်သွားလေသည်။
မျက်နှာလေးငယ်ပြီး မျက်ရည်ဝိုင်းနေတဲ့ သူမပုံစံဟာ မတရား နှိပ်စက်ခံရတဲ့ မင်းသမီးလေးလို ဖြစ်နေသည်။"မင်း မိဖုရားကို ပြောဆိုစရာမလိုဘူး ကျွန်က ကျွန်လို မနေပဲ!"
ESTÁS LEYENDO
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanficရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.