လောကရဲ့ သုခဘုံ

2K 238 59
                                    

Unicode ver....

24

24.လောကရဲ့ သုခဘုံ

"ဟင့် ရှောင်းမုတန် သားမှားပါတယ်လို့  ရှောင်းမုတန်!! အီးဟီး နိုးလာပါတော့နော်
သားမှားပါတယ် သားလေ မုတန်ကို ပစ်သွားတော့ဘူးလို့ အီးဟီး~~~"

"သားတော်လေးရယ် သားရဲ့ ရှောင်းမုတန်က အိပ်နေတယ်လေ မယ်တော်တို့ နန်းဆောင်ပြန်ကြရအောင်နော် ဟိုရောက်ရင်မယ်တော် ချာ့တိတ်မယ်နော် သားတော်နော်"

"ဟင့်အင်း ပြန်ဘူး သားသားပြန်သွားရင် အင့် သားရဲ့ မုတန်ကို အနိုင်ကျင့်ကြအုံးမယ် ဟင့် ပြန်ဘူးလို့ ဟင့်"

"သားတော်လေးရယ်~~~"

သူမဘယ်လောက် ချော့ချော့ ချော့မရ မြူမရဖြစ်နေတဲ့ သားတော်လေးကို ဂျင်ဟွားသက်ပြင်းချလို့ ကြည့်နေရုံမှ အပ သူမ မတတ်နိုင်တော့။

ဧကရာဇ်ကလည်း ယွဲ့လျန့်ကို ကမန်းကတမ်း ပွေ့ချီလာလို့ နန်းတွင်းသမားတော် အကုန်လုံးကို မာန်မဲအမိန့်ပေးပြီးတာနဲ့ ကုတင်ပေါ်က မေ့မျောနေတဲ့ လူသားကို တစ်ချက်မျှတာ ကြည့်ပြီး ဒေါသတစ်ကြီးနဲ့ ထွက်သွားခဲ့တာ ခုထိ ပြန်ရောက်မလာသေး။

ထိုခဏလေးတင် တကယ့်ကို ခဏလေးမှာပဲ ဝရုန်းဒုန်းကားနဲ့ ဧကရာဇ်အိပ်ဆောင်တော်ကို ရောက်လာတဲ့ သားတော်ငယ်လေး။

သူမကို ချစ်လွန်းပါချည်ရဲ့ဆိုတဲ့ သားတော်ငယ်လေးက ယွဲ့လျန့်မေ့မြောနေတာကိုမြင်တော့ အရူးတစ်ယောက်လိုကို ထငိုပါတော့သည်။

ရှေးလူကြီးတို့ရဲ့ စကားက သိပ်မှန်သည်။ သွေးက ရေထက် အမြဲတမ်း ပျစ်ပါသည်။

သူ့ရဲ့ မုတန်ကို အနိုင်ကျင့်လို့ ဆိုပြီး သောင်းကျန်းတဲ့ သူ့ရဲ့ သားတော်ငယ်လေးကို "သားရဲ့မုတန်က အနားယူနေတာလေ သားသူ့ကို လန့်နိုးစေချင်လို့လား"ဆိုပြီး လိမ်ပြောလိုက်တော့မှ ယွဲ့လျန့်ကို တိုးတလှည့် အနည်းငယ်ကျယ်လောင်၍တစ်လှည့်နဲ့ အသာလှုပ်နေနိုးနေသည်မှာ မပြောပြရင်တောင် လွန်စွာ စိတ်ပူနေတာ သိသာသည်။

နန်းကျဧကရာဇ်က ဒါတွေကို မမြင်လို့သာပေါ့လေ။

"သူက ဘာလို့ ခုထိ မနိုးသေးတာလဲ!"

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Tempat cerita menjadi hidup. Temukan sekarang