ဟန်ဆောင်ခဲ့ရုံတင်ပါ

2.5K 278 7
                                    

Unicode ver...

4. (ဟန်ဆောင်ခဲ့ရုံတင်ပါ)

ရွန်း!!

မျက်လုံးကို ခပ်တင်းတင်းမှိတ်လို့  ဘယ္ဘက်ရင်အုံကို အားကုန်သုံးလို့ ထိုးစိုက်ပစ်လိုက်တော့ နှုတ်ခမ်းထက်မှာ စီးကျလာတဲ့ နီရင့်ရင့်သွေးတွေနဲ့ အတူ မယုံကြည်နိုင်တဲ့ မျက်ဝန်းနက်လေးက သူ့ကို စိုက်ကြည့်နေဆဲ။ မှိတ်ကျသွားတဲ့  မျက်လုံးလေးနဲ့အတူ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်တီးလေးက ပြေလျော့သွားတယ်။

"ဟင့်!"

မျက်ရည်ကြည်တို့ လွှင့်စင်ခဲ့ရတယ်။ အတွေးစနဲ့တင် နှလုံးသား သေတော့မလိုနဲ့ တဆစ်ဆစ်နာကျင်လာတယ်။ ရင်နှင့်ရင်း၍ ချစ်ခင်မြတ်နိုးရတဲ့အရာလေး ပျောက်ကွယ်သွားတော့မလိုနှယ် ဒဏ်ကရင်မှာမချီမဆံ့။

အရှိန်မှန်မှန်နဲ့ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေတဲ့ ထိုရင်အုံလေးကို ထိုးစိုက်ဖို့ တေးထားတဲ့ ဓားဖျားက တုန်လှုပ်နေခဲ့တယ်။

အခွင့်ကောင်းရနေပါရက် ထိုးမစိုက်ရက်တဲ့ သူဟာ အရူးတစ်ယောက်လို ပေါက်ကွဲချင်လာတယ်။ သူက ကမ္ဘာပျက်သလောက် အနှီးလူသားကတော့ အေးအေးလူလူကို မှေးစက်လို့။

ချလွမ်း!!

ခပ်လှမ်းလှမ်းမှာ လွင့်ပြစ်ခြင်းခံရတဲ့ဓားက အသံမြည်သွားရလေသည်။ ကျောက္တုံးကျောက်ခဲရိုင်းတွေ​ပေါ် ပစ်စလက်ခတ် ပစ်ချခြင်းခံရတဲ့ ဓားဟာ ထိုက်ရန်မင်းအဆက်ဆက်ရဲ့ ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ ဓားတိုဖြစ်သည်။

~~~~

တွေးကြည့်ရုံနဲ့ တုန်လှုပ်ခဲ့ရတဲ့သူပါ။ လက်တွေ့ချလုပ်ဖို့ဆိုတာ အလှမ်းဝေးနေပါအုံးမယ် ထင်ပါသည်။

~~~~

"ကိုကို သားဆီ ပြန်လာပါ"

"ကိုကို သားဆီပြန်လာပါ"

သူခဏတာ မှေးမိသွားတုန်း ထွက်ပေါ်လာတဲ့ ရှိုက်သံလိုလို ညီးသံလိုလို စကားသံတို့ကြောင့် ရှောင်းကျန့် နိုးလာရလေသည်။

"ကိုကို မသေသေးပါဘူး"

"ကိုကို"

"ဧကရာဇ် ဧကရာဇ်နိုးပြီလား ဧကရာဇ်"

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Tempat cerita menjadi hidup. Temukan sekarang