Unicode ver...
42.ရွေးချယ်ထားပြီးသား
''လူရဲ့ ကံဆိုတာ အနိစ္စရဲ့ ခြေဖဝါးအောက်မှာပဲ ရှိတာပါ။
ပျက်စီးပျောက်ကွယ်ခြင်းဆိုတဲ့အရာကို ဘယ်လိုအရာကမှ လွှတ်မြောက်နိုင်မှာမဟုတ်ပါဘူး။
လူ့ဘဝတိုတိုလေးမှာ ဘယ်အရာကမှ မတည်မြဲတာမို့ အရာရာဟာ သခင်္ါရရဲ့လက်ဖဝါးထဲမှာတင်ရှိတာပါ။
တိုတောင်းလွန်းလှတဲ့ ဘဝတစ်သက်စာမှာ အချုပ်အနှောင်းကင်းပြီး အေးချမ်းလှတဲ့ အရိပ်အာဝါဒအောက်မှာ နေထိုင်တတ်ကြပါလေ။´´
ကျောင်းတော်လေးရဲ့ နံရံထက်မှာ နေရာယူထားတဲ့ ပိတ်စအဖြူပေါ်က စာသားကို လက်နောက်ပစ်လို့ ဖတ်ရှူ့နေရင်းနဲ့ ထိုက်ရန်အရှင်က မဆိုစလောက်လေး ပြုံးမိသွားလေသည်။
"အဖိုးတန်သည့်အရာတွေက ဘယ်နေရာပဲရောက်ရောက် အမြဲတမ်း အဖိုးတန်နေတော့တာပဲ" လို့လဲ တမေ့တမောတွေးမိသွားသေးသည်။
အရင်ရက်တွေနဲ့ မတူစွာ ထိုက်ရန်ဧကရာဇ်က ရွာအတွက် လုပ်ဆောင်စရာရှိတာ လုပ်ဆောင်စစ်ဆေးပြီး ဘာမှမဖြစ်သလိုသာ နေနေတာကြောင့် ကျန်းချန်နဲ့ ယီွပင်းမှာ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေလေသည်။
မထင်ရင် မထင်သလို ထလုပ်တတ်တဲ့ ဒီလူကို စိတ်ပူနေကြမိတာ မဆန်းပေဘူး မဟုတ်လား။
"ငါ့ကိုပဲ လိုက်ကြည့်မနေနဲ့ နားထားကြ အားလုံးပြီးတာနဲ့ ဒီနေ့ပဲ ရွာကနေ စတင်ထွက်ခွါမယ်။"
"ဟုတ်ကဲ့"
ဧကရာဇ်က ဘာအစီအစဥ်ရှိလို့ အလျင်လိုနေမှန်းမသိပေမဲ့ ကျန်းချန်နဲ့ ယီွပင်းကတော့ အငြင်းစကားမဲ့ အမိန့်အတိုင်းသာ တစ်သွေမသိမ်း လုပ်ဆောင်ကြလေသည်။
~
~
~"ဟင်း"
"နိုးပြီလား ဖြေး ဖြေး ဖြေးဖြေးထ"
မျက်လုံးဖွင့်ဖွင့်ချင်း နှာခေါင်းထဲ အလုံးအရင်းဝင်လာတဲ့ ခပ်ပြင်းပြင်းဆေးနံ့ကြောင့် ဆရာတော်လေးက တစ်ချက်မျှသာ ညီးမိလေတော့ ဆေးထောင်းနေတဲ့ ဆရာတော်တစ်ပါးက သူ့ကို အမြန်လာထူပေးလေသည်။
ESTÁS LEYENDO
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanficရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.