ဧကရာဇ်ပြည့်ရှင်ရဲ့ သားတော်

3.1K 305 76
                                    

Unicode ver ....

14. ဧကရာဇ် ပြည့်ရှင်ရဲ့ သားတော်

နာကျင်သော်ညား သူ့ကို မြင်နေရရင်
နေသာလိမ့်မယ် ထင်ခဲ့ပေမဲ့ သူဟာ
ရက်စက်ဖို့တောင် မအားလပ်စွာ သူ့ရဲ့
ချစ်ရလွန်းတဲ့ သတို့သမီးငယ်ကို ယုယဖို့ လိုအပ်နေသည်လေ။

မင်းငါ့ကိုယ်နဲ့ မကွာ တပ်ဆင်ပေးထားတဲ့ ခြေကင်းဝတ်က သံကြိုးက မင်းလိုပဲ အေးစက်စက်နိုင်ပေမဲ့ မင်းလိုတော့ ငါ့ကို ပျော်ရွှင်မှု မပေးနိုင်ဘူး ကိုကိုရ။

မင်းကိုသာမြင်နေရရင် နာကျင်ရပေမဲ့ ငါနေသာနေမယ်ဆိုတာကို မင်းသိနေ၍လား
မင်းမျက်နှာလည်းလာမပြ ငါကလည်းအပြင်ထွက်ခွင့်မရှိနဲ့ မင်းက ရည်ရွယ်ချက်ရှိရှိ ငါ့ကို ပိတ်လှောင်ထားတာပဲ။ မင်းတကယ် ဆိုးလွန်းပါတယ် ကိုကိုရယ်။

~~~~

တကယ် စင်စစ် ထိုက်ရန်အရှင်ဟာ ယွဲ့လျန့်ကလေးကို ထားခဲ့သည်ဟာ မှန်သလား။

"သား မဟုတ်ရင်လည်း ဒီရက်ပိုင်းပဲ လက်ထပ်ရတော့မှာကို ဘာတွေ နောက်ဆုတ်ချင်နေတာလဲ။ ဒီမိဖုရားက သားရဲ့ ဇီးသီးလေး သားရဲ့ ခလေးလေးပဲလေ သားဘယ်လိုတွေ ဖြစ်နေတာလဲ"

"မယ်မယ်သား  လက်မထပ်သေးချင်ရုံပါ အချိန်ခဏလောက် ထပ်ပေးလို့ မရပေဘူးလား မယ်တော်ရယ်။"

"ဒီအမေက သားကို ချစ်လို့ ဒါဆို ဒါပဲ လက်ခံလိုက်သား"

"ဒါပေမဲ့~~~"

မိခင္ဖြစ်သူနဲ့ အခြေအတင်ဖြစ်နေတုန်း မျက်နှာထက် ခရမ်းရောင်အမှုန့်နဲ့ ပက်ခံရတာကြောင့် ထိုက်ရန် ကုတင်ထက်မှာတင် မေ့လှဲကျသွားလေသည်။

"အနားယူလိုက်ပါအုံး အရှင်"

~
~
~

သူပေးထားတဲ့ ရိတ်ခါအနည်းငယ်ရယ် မျိုးစေ့တစ်ချို့တစ်ဝက်ရယ်နဲ့ စိုက်ပျိုးနေထိုင်နေတဲ့ ယွဲ့လျန့်အရှင်ဟာ အေးအေးချမ်းချမ်းနဲ့ သက်တောင့်သက်သာ ဖြစ်နေပေမဲ့ သူ့ကိုတော့ လွမ်းဆွတ်နေတယ်ဆိုတာ ထိုက်ရန်အရှင်သိမယ် မထင်ပါ။

မိုးလေးက ခပ်ဖွဲဖွဲလေးနဲ့ဆိုတော့ လွမ်းဆွေးတဲ့စိတ်က တရိပ်ရိပ်။ တစ်နှစ်သာအကြာ အမှတ်တရတွေသိပ်မရှိခဲ့ပေမဲ့ ၅နှစ်သားမတိုင်ခင်ကြား တဝိုးတဝါး အမှတ်တရတွေက ကျောက်တိုင်တစ်ခုလို တည်မြဲနေသေးတယ်။

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Where stories live. Discover now