သူကတော့ ထာဝရ ရွှေတုံးပါပဲ

2.1K 289 92
                                    

Unicode ver...

20.သူကတော့ ထာဝရရွှေတုံးပါပဲ

ကျန်းချန်နဲ့ ဝမ်နင် လူတစ်ယောက် နောက်ကို လိုက်နေတာ မနေ့ကတည်းကပင် ဖြစ်သည်။ သူတို့ ကြိုးစားလိုက်နေပေမဲ့ ပိရိလွန်းတဲ့ ထိုလူကြောင့် ဘုရင့်ကိုယ်ရံတော်ဖြစ်တဲ့ သူတို့ကတောင် အခက်တွေ့နေရလေသည်။

ဒီတစ်ခါတော့ သူတို့လိုက်နေတာက ပုံမှန်ထက် နှေးနေတာ ဖြစ်သည်။ အကြောင်းကတော့ ထိုက်ရန်အရှင်က ထိုလူရဲ့ ရှေ့မှာ သွားစောင့်သွားပြီဖြစ်လေသည်။

ထိုလူကို မိတော့မဲ့ အချိန်ဆဲဆဲမှာတင်~~~~

"အာ့!"

အရှိန်တွေ ထိန်းမရတော့မတတ် သူ့ဆီ ပျံသန်းလာတဲ့ မုန်တိုင်းကြောင့် ထိုက်ရန် ထိုလူကို ဂရုမစိုက်အားတော့ပဲ မုန်တိုင်းဆီကိုသာ အာရုံရောက်သွားလေသည်။

အရေးကြီး အချက်မှ မဟုတ်ပါလျှင် မုန်တိုင်း သူ့ဆီ ရောက်လာစရာအကြောင်းမရှိပေဘူး မဟုတ်လား။

"မုန်တိုင်း"

မုန်တိုင်းက ထိုက်ရန်လက်ပေါ် ရောက်ပြီဆိုတာနဲ့ သူ့ရဲ့ နှုတ်သီးဖြင့် ထိုက်ရန်ရဲ့ဘယ်ဘက်ရင်ဘတ်ကို တစ်ချက်ခုတ်ပြီးတာနဲ့ သူ့ရဲ့ တောင်ပံနှစ်ဖက်ကို အပေါ်သို့ ဖြန့်ကားပြီး အာ့ခနဲအော်ပြလိုက်လေသည်။

"ဝမ်လား ဝမ်ပြဿနာတက်လို့လား"

ထိုက်ရန်ရဲ့ စိုးရိမ်တကြီးမေးသံမဆုံးခင်မှာတင် မုန်တိုင်းက အလျင်အမြန်ကို ခေါင်းညိတ်ပြလိုက်လေသည်။

"ကျန်းချန် ဝမ်နင် ထိုလူကို မလွှတ်စေနဲ့! ဟေးလုံ!"

ထိုက်ရန် ထိုနှစ်ယောက်ကို အမိန့်အော်ပေးပြီးတာနဲ့ ဟေ့လုံပေါ်ပြန်တက်လို့ နန်းတော်ဆီသို့ ဦးတည် လိုက်လေသည်။

မုန်တိုင်းကတော့ ထိုနေရာမှာကျန်ရစ်လို့ ခဏတာမျှ အမောဖြေနေလိုက်တော့သည်။

~
~
~

"မင်းသားလေး တကယ်ပဲ မင်းသားငယ်
ရာမရဲ့ ဓားတိုကို ခိုးခဲ့ပါသလား"

"~~~~"

"မင်းသားလေး စကားပြောပါ"

"မေးပဲမေးနေတယ် ငါ့အဖြေကိုကော
အတည်ယူကြလို့လား ဖြေရမှာ ပါးစပ်ညောင်းတယ်"

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Where stories live. Discover now