ကျိန်စာက ပြယ်သွားပြီ

2.6K 256 85
                                    

Unicode ver....

32.ကျိန်စာက ပြယ်သွားပြီ

ငါအဆုံးထိ သည်းခံလိုက်ပြီမို့ ငါစိတ်ကုန်သွားတဲ့အခါ မင်းချော့မြူခြင်းမပြုပါနဲ့တော့
ငါထူးပြီး ဂရုမစိုက်ပေးနိုင်တော့ဘူး။

ထိုက်ရန်အရှင်ရဲ့ "ချစ်တယ်"ဆိုတဲ့ စကားလေးနှစ်လုံးကို တစ်ချိန်လုံးမျှော်လင့်နေတဲ့ လူသားက ဒီနေ့ရက်မှာတော့ ထိုစကားလုံးတွေဟာ သူ့ရဲ့ ကြေကွဲဒဏ်ရါကို မဖာထေးပေးနိုင်လောက်အောင် သူနာကျည်းသွားပြီတဲ့။

အားလုံးက သူ့ကို လက်ခံလာနိုင်တဲ့အချိန်မှာ သူကိုယ်တိုင်က စိတ်ကုန်သွားတဲ့အခါ လောကကြီးက သူ့ကို မပျော်စေချင်ဘူးလို့သာ ခပ်ကြောင်ကြောင်လေးသာ တွေးပြစ်လိုက်ပါ။

သူ့ရဲ့ အသက်ထက် ချစ်မြတ်နိုးရတဲ့ လူသားတွေရဲ့ မျက်ရည်နဲ့ နာကျင်ခြင်းတွေ သူမြင်တယ် ဒါပေမဲ့ သူပြန်မလာချင်တော့ပါ။

ခြေလှမ်းတွေ မြေကြီးနဲ့ခွါလို့ ခန္ဓာကိုယ်က လေဟာနှယ်ထဲ ရောက်သွားတဲ့ အခါ သူ့ကိုအော်ခေါ်တဲ့ အသံနက်နက်ကို ကြားရတာနဲ့တစ်ပြိုင်နက် လက်ဖျားလေးက ဖမ်းဆုပ်ခြင်းတစ်ခုကို ခံလိုက်ရပေမဲ့ ထိုသူက ခြေတစ်လှမ်းစာ နောက်ကျသွားခဲ့တယ်။

ငါပြောပြီးသားပါ ငါတကယ်ပြေးရင် မင်းမဖမ်းနိုင်ပါဘူး ကိုကိုရယ်။

"ငါတို့ရဲ့ ဝဠ်ကျွေးတွေ တကယ်ရှိခဲ့ရင်လည်း ဒီနေရာမှာတင် ကျေကြပါစေ"

"ဝမ်!! မဟုတ်ဘူး!!"

ဒီတစ်ခါသော ထိုက်ရန်အရှင်ရဲ့ ငိုကြွေးခြင်းအတွက် ယွဲ့လျန့်လေးက အပြုံးနဲ့သာ လက်ဆောင်ပေးလိုက်ပါသည်တဲ့။ သူမမြင်တော့ပေမဲ့ပေါ့။

"မဟုတ်ဘူး မဟုတ်ဘူး"

ယွဲ့လျန့်ရဲ့ လုပ်ဆောင်ချက်ကို လက်မခံနိုင်စွာ ထိုက်ရန်က အရူးတစ်ယောက်လို ခြောက်စွန်းကို တိုးသွားပြီး လိုက်ခုန်ချတော့မလိုဖြစ်တာကြောင့် မယ်တော်ကြီးနဲ့ အခြားသူတွေက  အမြန်ဖမ်းဆွဲလိုက်ရလေသည်။

"ငါ့ကို လွှတ်ကြစမ်း! ဝမ်! ပြန်လာခဲ့ပါဝမ်! "

"မရဘူးနော် သားရယ် စိတ်ထိန်းပါ သား!"

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Where stories live. Discover now