Unicode ver....
13. မင်းက ဘယ်သူ့အပိုင်လဲ!
ပကတိ ငြိမ်သက်နေတဲ့ ယွဲ့လျန့်အရှင်က ထိုက်ရန်အရှင်ကို ပြုံးပြလာတယ်။ ရှန့်ဒင့်ကို လက်ထဲကနေ လွှတ်ချပြီး ကိုယ့်ကိုယ်ရွေ့လို့ ထိုက်ရန်အရှင်ရဲ့ ဓားသွားနဲ့နီးစပ်ဖို့ လုပ်ခိုက်~~~~
"မင်းတိုးမလာနဲ့!"
ဂုတ်သားပေါ် ဓားတို့ မရွေ့လျားသေးပေမဲ့ ရှေ့တိုးဖို့ကိုလည်း ရင်ထဲ သိသိသာသာတုန်ယင်လာလေသည်။ သူဘာကို စိုးရိမ်လို့ စိုးရိမ်နေမှန်း မသိပေမဲ့ ဤလူသားကို သတ်ပစ်လိုက်ဖို့ထိကိုတော့ သူမစွမ်းနိုင်ပေ။
"ဒီပွဲမှာ အနိုင်အရှုံးမရှိရင် တပ်သားတွေ တကယ်ရူးမှာ"
ရှောင်းအရှင်ရဲ့ မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်လို့ ရန်သူတော်လေးက တည်တည်ငြိမ်ငြိမ်နဲ့ ပြောပြန်သည်။
ရှောင်းအရှင်က စတင် စိတ်ရှုပ်လာသည်။"မင်း အရူးကွက် လာမနင်းနဲ့ ယွဲ့လျန့် မျိုးရိုး!!"
"အရူးကွက် နင်းတယ် အဟက်! မင်းကွာ ငါ့ကို မသတ်ရက်လို့လား"
ခနဲ့တယ်။ သူက မထီမဲ့မြင်လုပ်ပြီး စိတ်ကို စမ်းလွန်းပါတယ်။
"ငါက ဘာလို့ မင်းကို မသတ်ရက်ရမလဲ!"
"မင်းသိပါတယ်"
လက်ထဲမှာ ဓားတို့ကိုင်ဆောင်မထားပါပဲ ဓားကို ကျစ်နေအောင် ကိုင္ဆောင်ထားတဲ့ လူရှေ့မှာတောင် သူက အေးအေးဆေးဆေး ရပ်လို့ ဒေါသဆွပေးနေပြန်တယ်။ သူက တကယ့္ကို အရူး!။
"ငါမလုပ်ရဲဘူးလို့ မထင်နဲ့!"
"မင်းမလုပ်ရဲပါဘူး"
"ယွဲ့လျန့် မင်းပါးစပ်ပိတ်ထား!"
တစ်ထစ်စာနီးစပ်လာပြီ ဖြစ်တဲ့ ထိုဓားသွား။
ယွဲ့လျန့်အရှင်ရဲ့ အပြုံးက ပိုပီပြင်လာသည်။လွန်စွာဒေါသထွက်နေရ၍လား ထိုက်ရန်အရှင်ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ စီးကျနေလေသည်။
ရှေ့တိုးလို့ မဖြစ်သလို နောက်ဆုတ်လိုက်ဖို့လဲ အဆင်မပြေနိုင်တော့ဘူး။ လမ်းဆုံးက တကယ်ပဲ ဒီနည်းပဲ ရှိနေတော့သည်လား။
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.