မင်းငါ့ကို ဘာကြီး လို့ထင်နေတာလဲ

2K 262 64
                                    

Unicode ver...

26. မင်းငါ့ကို ဘာလို့ထင်နေတာလဲ

မဟာပြည်ရဲ့ နန်းမြို့ရိုးဟာ ထိုက်ရန်စစ်သည်တို့ကြောင့် ခိုင်ခံ့မှုမရှိတော့ပြီ။ မြို့ရိုး ပြိုကျသွားတာနဲ့ စစ်သည်တွေကို ဦးဆောင်လာတဲ့ အားမာန်အပြည့်နဲ့ စစ်ဘုရင် ရှောင်းကျန့်ကို ဦးစွာ မြင်ရလေသည်။ တစ်ဖက်မှာလဲ မိုးဖွဲလို မြားတံတွေကြား ပြေးလွှားနေတဲ့  မုတန်ငယ်လေး တဖြစ်လည်း နန်းကျဧကရာဇ် ယွဲ့လျန့် ဝမ်ရိပေါ်ဟာ ဓားတိုကလေးကို ကိုင်ပြီး ထိုက်ရန်အရှင်ဆီ တည့်တည့်မတ်မတ်ကို ပြေးလာပါတော့သည်။

ယွဲ့လျန့်အရှင်ဆီရောက်လာတော့မဲ့ အန္တရာယ်တိုင်းက ထိုက်ရန်အရှင်ရဲ့ မျှားတံကြောင့် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားရလေသည်။

သူ့ကို ကိုယ်ယုံခဲ့တာလား
ကိုယ့်ကို သူယုံခဲ့တာလား မပြောတတ်စွာ ယွဲ့လျန့်အရှင်က ထိုက်ရန်ဧကရာဇ်ဆီကိုပဲ အားကိုးတကြီး ပြေးနေသလို ထိုက်ရန်အရှင်ကလည်း ယွဲ့လျန့်အရှင်ဆီကိုပဲ ဦးတည်ပြေးလွှားလာလေသည်။

"ဝမ်" "သခင်"

ပြိုင်တူထွက်လာတဲ့ အသံနှစ်သံနဲ့အတူ ယွဲ့လျန့်ရဲ့ ခန္ဓာကိုယ်ငယ်ဟာလည်း ထိုက်ရန်ရဲ့ ရင်ခွင်ထဲ အင့်ခနဲ ရောက်ရှိသွားလေသည်။

ကျေးဇူးတင်ပါတယ် ယုံကြည်ပေးခဲ့လို့။

ယွဲ့လျန့်ကပဲ အားနဲ့ ပစ်ဝင်ခဲ့တာလား ထိုက်ရန်ကပဲ သိမ်းကျုံးဖက်တွယ်လိုက်တာလား မသိပေမဲ့ သူတို့ရဲ့ ဒီတစ်ခါတွေ့ဆုံမှုဟာ နက်ရှိုင်းခြင်းတစ်စုံတစ်ရာကို ဖော်ထုတ်နေလေသည်။

မယုံကြည်နိုင်ခြင်းများစွာနဲ့ ဒေါသရောပါနေတဲ့ ဗြမ္မာမင်းသားဟာ သံလုံးကိုဆွဲလို့(ကြိုးတပ်ထားသည့် အဆူးပါတဲ့ သံလုံး) သူတို့ဆီ ရောက်လာလေသည်။

"ပိုင်မုတန်!! မင်းငါ့ကို ညှာတယ်!!"

ဗြမ္မာအော်သံကြောင့် ထိုက်ရန်နဲ့ ယွဲ့လျန့်လည်း ကိုယ်ချင်းခွါသွားရလေသည်။

"မင်း!!!"

ဗြမ္မာ ယွဲ့လျန့်ကို အော်ပြီးတာနဲ့ သံလုံးနဲ့ တိုက်ခိုက် လာတာကြောင့် ထိုက်ရန်က ယွဲ့လျန့်ကို အနောက်မှာ ပို့စေပြီး ဟေးလုံနဲ့ ပြန်လည်ချေပလိုက်လေသည်။

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Where stories live. Discover now