Unicode ver....
5. (လေတွေက လွတ်လပ်တယ်)
ကျားစွယ် ဆွဲကြိုးလေးက ရင်ဘတ်ထက်မှာ တွဲလျောင်းချထားတယ်။
အပြုံးရေးရေးတို့က လေပြေလေးတွေနဲ့အတူ ဖြစ်ထွန်းတယ်။
ဧကရာဇ်ငယ်က လာလမ်းနဲ့မတူ အိမ်ပြန်လမ်းမှာ မြင်းဇက်ကြိုးကို တင်းမဆွဲပဲ လျှောက်နေရုံသာ သွားစေတယ်။ အသွားတုန်းက မခံစားလိုက်ရတဲ့ ကွင်းပြင်ကျယ်ကြီးရဲ့ လေနုလေးကို သူက တမေ့တမော ရူရှိုက်တယ်။
"အဟီး"
တဘောတကျ ရီသံတိုးတိုးလေးနဲ့အတူ ဧကရာဇ်ငယ်ရဲ့ ခန္ဓာကိုယ်က မြင်းဖြူလေးပေါ်ကနေ လွှားခနဲ ဆင်းလေတယ်။
မြင္းဇက်ကြိုးကို အသာဆုပ်ကိုင်လို့ လမ်းလျှောက်သွားတဲ့ ဧကရာဇ်ငယ်က ဒီလွင်ပြင္ကြီးထဲကနေ အမြန်ကျော်ဖြတ်လိုက်ရမှာကို စိုးရိမ်နေဟန်။
ရှစ်ယင်းတဖြစ်လည်း အရှင်ရှောင်းကျန့်သည်လဲ မသက်သာစွာ ထိုလူသား လုပ်သမျှကို လိုက်လုပ်နေရလေသည်။
"ရှစ်ယင်း မင်းကြည့် မလှဘူးလား "
ထိုအသံ သြသြလေးကို ကြားရတော့မှ သတိကပ်တဲ့ ရှောင်းအရှင်က ရိပေါ် လက်ညိုးထိုးရာကို အမြန် လိုက်ကြည့်ရလေသည်။
ရိပေါ် ကြည်ကြည်နူးနူး လက်ညိုးထိုးပြတဲ့ အရာက ထွေထွေထူးထူး ဘာရယ်တော့မဟုတ် ကောင်းကင်ထက်ယံမှာ ပျံသန်းဆော့ကစားနေတဲ့ ပျံလွှားငှက်တစ်သိုက်တို့ ဖြစ်သည်။
"လှပါတယ် ဧကရာဇ်"
"မင်းဖြေပုံကလည်း အားမရှိလိုက်တာ ဟင့်"
မဆိုစလောက်လေး စူထွက်သွားတဲ့ နှုတ်ခမ်းလေးကြောင့် ရှောင်းကျန့်ရဲ့ စိတ်အစင်တို့က ခဏတာမျှ လစ်ဟာသွားရလေသည်။
"မင်းပြောကြည့္ အနာဂတ်မှာ မင်းဘာဖြစ်ချင်လဲ"
"ကျွန်တော် မျိုးလား?"
"အင်းပေါ့ မင်းကို မမေးလို့ ဒီမြင်းတွေကို မေးရမလား။ မင်းနဲ့ ငါပဲ ရိှတာကို "
ပေါက်ဆတ်ဆတ်ပြန်ပြောလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် တစ်ဖန်ကြောင်သွားရပြန်လေသည်။ ဤသားက သူ့ကိုသူ ဘယ်သူလဲ ဆိုတာ မေ့နေတာလားပေါ့။
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.