Unicode ver....
45. ကျူးမိုဟွာ
အများပြည်သူတွေ မြင်တွေ့ခဲ့ရသလို တကယ်ပဲ နန်းတွင်းကြီးဟာ အေးချမ်းနေတာ ဟုတ်ပါရဲ့လား။
"ဝမ်သိလား ကိုယ်ဒီနေ့လည်း အရမ်းလိမ္မာတယ် ဆိုတာ ကိုယ် ထိုက်ရန်အင်ပါယာကြီးကို ခလေး ဖြစ်စေချင်သလို တိုးတက်အောင် လုပ်နိုင်ခဲ့ပြီနော်။ ဒါတွေကိုသိရင် မင်းကိုယ့်ကို ချီးကျူးပေးဖို့ ပြန်လာသင့်တယ် မဟုတ်ပေဘူးလား ခလေးရယ်"
"အရှင်"
ထိုက်ရန် တစ်ကိုယ်တည်း အရက်သောက်နေတုန်း သူ့ဆီရောက်လာတဲ့ မိဖုရားကြောင့် သူမကို တစ်ချက်သာ ကြည့်ပြီး အခြားတစ်ဖက်ကို လှည့်သွားမယ် လုပ်တော့~~~
ဟင် မယ်တော်ကြီးလား။
ထိုက်ရန် မသေချာစွာ သေချာကြည့်လိုက်ပြန်တော့ ရှီးဂျင်ဟွားကပဲ သူ့ကို ပြုံးပြနေပြန်သည်။
ခုတလော မယ်တော်နဲ့ ရှီးဂျင်ဟွားနဲ့ အရမ်းတူလာသလိုပဲ။
"အရှင်ရယ် ကျွန်တော် မျိုးမနဲ့ စကားပြောရအောင်ပါ"
မိဖုရားက သူ့ရဲ့လက်ကို ထိကိုင်မယ် လုပ်တော့ ထိုက်ရန်က ဖယ်ခွါဖို့ ကြံလေသည်။
ဒါပေမဲ့ သူ့ချက်ချင်းဆိုသလို အုံ့ဝင်လာတဲ့ ခရမ်းရောင်အမှုန့်ကြောင့် သူ့ရဲ့ အသိစိတ်တို့က ခဏတာမျှ ကင်းလွှတ်သွားပြီး အရာရာဟာ အုံ့မိုင်းသွားရလေသည်။
"အရှင် ကျွန်တော် မျိုးမပြောတာကို နားထောင်ပါနော်"
"~~~~"
"အရှင်~~~"
"ခမည်းတော်"
မိဖုရားက ထိုက်ရန်ရဲ့ လက်မောင်းကို ချိတ်တွယ္လို့ စကားစမယ်ရှိသေး ထိုက်ရန်ကို အော်ခေါ်ပြီး ပြေးဝင်လာတဲ့ သားတော်ကြောင့် သူမရဲ့ မျက်နှာတော် ထက်မှာ အလိုမကျမှုတို့ ထင်ရှားစွာ ထွက်ပေါ်လာလေသည်။
ထိုက်ရန်ကတော့ ထျန့်္ခွမ်း သူ့နားရောက်လာတာနဲ့ အရာရာကို စိတ်ချသွားသလို "သား"လို့သာ တစ်ချက်ပြောပြီးတာနဲ့ ထျန့်ခွမ်းကို မှီချသွားလိုက်လေသည်။
"ခမည်းတော် မူးနေပါပြီ ပြန်ကြရအောင်ပါ ဘုရား"
"အင်း"
YOU ARE READING
The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)
Fanfictionရာဇာဧကရာဇ်တစ်ပါးရဲ့ ထွက်ဆိုထားတဲ့ သစ္စာစကားတစ်ခွန်းသည်က~~~ This story is Heavy Drama type. If you didn't like this type. Just go over and ignore it. Thank you.