မင်းမရှိရင် ငါတို့ ဘယ်လိုနေမလဲ

2K 250 56
                                    

Unicode ver....

27.မင်းမရှိရင် ငါတို့ ဘယ်လိုနေမလဲ

ယွဲ့လျန့် နန်းတော်ကို ရောက်ရောက်ချင်းမှာပဲ နန်းတော်တစ်ခုလုံးမှာ  သမားတော်ကြီးတွေ အပြည့်နဲ့ကို တွေ့ရလေသည်။

"ကိုကို"

သူနန်းတော်ထဲကို ဝင်မယ်လုပ်တော့ သူ့ကိုတားဆီးလာတဲ့ စစ်သည်တစ်ချို့ကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားရလေသည်။

"မင်းတို့တွေ ဘာလုပ်နေတာလဲ!"

"တောင်းပန်ပါတယ် စောင်းသမားတော် မယ်တော်ကြီးက စောင်းသမားတော် ရောက်လာနိုင်ခဲ့ရင် ပေးမဝင်ပါနဲ့လို့ မှာထားလို့ပါ"

ထိုစကားစုတို့ကြောင့် ယွဲ့လျန့် သက်ပြင်းက ခပ်နက်နက် ရှူသွင်းလို့ မျက်လုံးကို တစ်ချက်မှိတ်ပြီး~~~

"မင်းတို့ လမ်းဖယ်မလား ငါလည်လှီးပေးရမလား!!"

ယွဲ့လျန့်ရဲ့ ဘယ်ဘက်လက်ကလေးမှာ ထိုက်ရန်မင်းဆက် ဓားတိုကို ကိုင်ထားတယ်ဆိုရင် ညာဘက်လက်မှာ ဟေးလုံကို ကိုင်ဆောင်ထားသည်။ ဒေါသနဲ့ ယွဲ့လျန့်ဟာ ထိုစစ်သည်တွေကို ဓားနဲ့ ရွယ်ခဲ့ပြီးသား။

အားလုံးကလည်း ယွဲ့လျန့်ကို အကြောက်ကြောက်အလန့်လန့်နဲ့ နေရာကနေဖယ်ပေးလိုက်လေသည်။

ယွဲ့လျန့် အထဲကို ဝင်သွားတော့ နောက်က ဒဏ်ရါကိုပဲ အသဲအသန်ဂရုစိုက်နေကြတာမို့ မှောက်ရက်ဖြစ်နေတဲ့ ထိုက်ရန်ရဲ့ ခန္ဓာကိုကြောင့် နီကျင့်ကျင့်သွေးစက်တို့က ခုထိ ထွက်နေသေးသည် ဖြစ်သည်။

"မင်းက ခုထိ မျက်နှာလာပြရဲသေးတာလား"

"~~~"

"ဖြန်း!"

"မင်းကြောင့် ငါ့သားခုလို ဖြစ်ရတာ မင်းကြောင့်!"

အစက ငိုယိုနေတဲ့ မယ်တော်ကြီးဟာ ယွဲ့လျန့်ကိုတွေ့တာနဲ့ သောင်းကျန်းလာတာကြောင့် ယွဲ့လျန့် ဘာမှ ပြန်မပြောရသေးခင်မှာပဲ မျက်နှာက လည်ထွက်ပြီး သူ့ရဲ့ ပါးပြင်တစ်ဖက်က လက်ဖဝါးယာ ထင်သွားလေသည်။

"ကျေနပ်ပြီလား"

"မကျေနပ်ဘူး!!"

ဖြန်း! ဖြန်း!

The Loyalty of the Royal blood (ရာဇာသွေးရဲ့ သစ္စာတော်)(complete)Where stories live. Discover now